Samsung ဟာ ယခုနှစ် မတ်လတုန်းက Galaxy A23 4G စမတ်ဖုန်းကို စျေးကွက်အတွင်းမှာ တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Galaxy A23 4G ဖုန်းဟာ Qualcomm Snapdragon 680 Chipset ကို အသုံးပြုထားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Samsung ကနေ Galaxy A23 ဖုန်းကိုပဲ 5G Version အနေနဲ့ ထပ်မံမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Galaxy A23 5G ဖုန်းဟာ Model Number အနေနဲ့ SM-A236U လို့ ပေးထားပြီးတော့ အခုအချိန်မှာ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာပါ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Samsung Galaxy A23 5G ဖုန်းဟာ Geekbench 5 Benchmark မှာ Single-core Score အနေနဲ့ ၆၇၄ မှတ်ရရှိထားပြီး Multi-core Score အနေနဲ့ကတော့ ၂၀၁၉ မှတ်ရရှိထားပါတယ်။ ဒါက တခြးသော Snapdragon 690 Chipset နဲ့ ယှဥ်မယ်ဆိုရင် CPU ပိုင်းမှာ ၁၅ ရာခိုင်နှုန်းနဲ့ GPU ပိုင်းမှာ ၃၀ ရာခိုင်နှုန်း စွမ်းဆောင်ရည်ပိုကောင်းလာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Samsung Galaxy A23 5G ဖုန်းဟာ RAM 4GB အနိမ့်ဆုံးပါဝင်မှာဖြစ်ပြီး ရွေးချယ်တဲ့ Storage Version ပေါ်မှုတည်ပြီး RAM 6GB Version ကိုပါ ထုတ်လုပ်သွားဖွယ်ရှိပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 12 ကို အခြေခံထားတဲ့ OneUI 4 ကို အသုံးပြုလာမှာဖြစ်ပါတယ်။

AIREVITAL_V1

တခြားသော အချက်အလက်တွေကို အတိအကျမသိရသေးပေမယ့် Display ပိုင်းမှာတော့ Samsung Galaxy A23 5G ဖုန်းက 6.55″ Display ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ အခုလိုမျိုး သတင်းတွေထွက်ရှိလာတာကြောင့် မကြာခင်မှာ တရားဝင်မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Ref – GSM Arena