Samsung ဟာ ယခင်တုန်းကတော့ Software Update အပိုင်းတွေမှာ တခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်ရင် အနည်းငယ်နောက်ကျတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာ သိသိသာသာကို မြန်ဆန်လာပြီး Mid Range စမတ်ဖုန်းတွေကိုပါ Update သေချာပြုလုပ်ပေးလာတာဖြစ်ပါတယ်။

အခုလည်း Samsung ကနေ Galaxy A Series Mid Range ဖုန်းတွေဖြစ်တဲ့ Galaxy A30 နဲ့ A50s စမတ်ဖုန်းတွေကို Android 10 OS ကို အခြေခံထားတဲ့ OneUI 2.0 Update ကို ထုတ်ပေးလိုက်ပါပြီ။ အဆိုပါ စမတ်ဖုန်းတွေဟာ Samsung ရဲ့ ၂၀၂၀ အတွက် Update ပေးသွားမယ့် Roadmap ထဲမှာပါဝင်သလို Samsung အနေနဲ့လည်း အချိန်မှန် Update ထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Samsung Galaxy A30 အတွက် Update Version Number ကတော့ A305FDDU4BTB3 လို့သိရပြီး File Size အနေနဲ့ 1.4GB ဝန်းကျင်ရှိမှာပါ။ Galaxy A50s အတွက် Update Version ကတော့ A507FNXXU3BTB ဆိုပြီး ထွက်ရှိလာတာဖြစ်ပါတယ်။

ယခု Software Update ဟာ Android 10 ကို အခြေခံထားတဲ့အတွက် System-wide Dark Mode ၊ Navigation Gesture အသစ်နဲ့ Digital Wellbeing Tool အသစ်တွေပါဝင်လာမှာဖြစ်သလို OneUI 2.0 ရဲ့ Feature အသစ်တွေဖြစ်တဲ့ Built-in Screen Recorder ၊ Redesign Camera App နဲ့ System Icon ၊ System Color တွေနဲ့ Quick Setting Panel Layout တွေပါ Improve ဖြစ်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ ဒီလိုမျိုးစျေးသက်သာတဲ့ Galaxy A Series Mid Range ဖုန်းတွေကိုပါ Software Update ပုံမှန်ပေးနေတာက Galaxy A Series ဖုန်းတွေကို ပိုပြီးရောင်းအားကောင်းလာစေဦးမှာပါ။

Ref – XDA-Developers