Samsung Galaxy A31 ဟာ မကြာခင်ကပဲ Bluetooth Certification ရခဲ့တဲ့ အတွက် မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ Samsung က Galaxy A31 ရဲ့ Support Page ကို ရုရှား ဝက်ဘ်ဆိုက်မှာလွှင့်တင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ချပြတော့မယ်ဆိုတာ ပိုသေချာသွားပါပြီ။

Support Page မှာ Galaxy A31 ရဲ့ Specs တွေအကြောင်း ဘာမှ မဖော်ပြထားပါဘူး။ ဒါပေမယ့် Geekbench ရဲ့ စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM ပါလာမှာ ဖြစ်ပါတယ်။ တခြား RAM မော်ဒယ်တွေလည်း ထွက်လာနိုင်သေးပေမယ့် လက်ရှိမှာ မသိရသေးပါဘူး။

Geekbench က Galaxy A31 မှာ MediaTek MT6768V/CA မောင်းနှင်ထားမယ်လို့ ဖော်ပြထားပြီး Helio P65 Chipset ဖြစ်နိုင်ပါတယ်။ Galaxy A31 မှာ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမယ်လို့ သတင်းထွက်နေတဲ့အတွက် ဘက်ထရီ သက်တမ်းက အရမ်းကို လန်းမှာပါ။ အနည်းဆုံး အနေနဲ့ 64GB Storage ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 48MP Main နဲ့ အနုစိပ် ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်တဲ့ 5MP Macro ကင်မရာတွေ တပ်ဆင်ထားနိုင်ပါတယ်။

Galaxy A31 ကို မကြာခင် ကြေညာနိုင်ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာပါ။

Ref : gsmarena