မနှစ်က တော်တော်လေးလူကြိုက်များပြီး Samsung ရဲ့ Mid-range ဈေးကွက်အပေါ် လွှမ်းမိုးမှုကို ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့တဲ့ Galaxy A စီးရီးဟာ နောက်ထပ်အဖွဲ့ဝင်သစ်တွေ မိတ်ဆက်လာဦးမယ် ဆိုတဲ့သတင်းကို ၂၀၁၉ နိုဝင်ဘာလထဲက ကြားခဲ့ရတာပါ။

၂၀၂၀ နှစ်စရောက်တဲ့ထိ သတင်းဆက်ထွက်နေတဲ့ Samsung Galaxy A31 ဖုန်းသစ်ကတော့ ယနေ့မှာ Geekbench ပေါ်ရောက်လာခဲ့ပြီး သူ့ရဲ့အဓိက Specs အချက်အလက်တချို့ကိုလည်း မြင်တွေ့လာရပါတယ်။ ဒါ့ကြောင့် ထွက်ရှိရက် အတော်လေးနီးစပ်နေပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။

မော်ဒယ်နံပါတ် SM-A315F နဲ့ထွက်ပေါ်လာတဲ့ Galaxy A31 ဖုန်းဟာ Geekbench ပေါ်မှာတော့ Single-core စမ်းသပ်မှုမှာ 349 မှတ်နဲ့ Multi-core အတွက် 1,291 မှတ်ရရှိထားပါတယ်။ သူ့မှာ MediaTek ရဲ့ MT6768V/CA ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Helio P65 ဖြစ်မယ်လို့ ယူဆရပါတယ်။

အသုံးပြုထားတဲ့ OS က Android 10 OS ဖြစ်ပြီး မန်မိုရီ 4GB RAM နဲ့စမ်းသပ်ခံထားတာပါ။ ဒါပေမယ့် Memory Combo ကတော့ ကွဲပြားတဲ့ဗားရှင်းတွေလည်း ရှိဦးမယ်လို့ မျှော်လင့်ရတယ်။

Geekbench ကတော့ A31 နဲ့ပတ်သက်ပြီး ဒီလောက်ပဲဖော်ပြခဲ့ပေမယ့် အရင် Leaks တွေအရ သူ့မှာ အခြေခံ Storage က 64GB နဲ့ 5,000 mAh ဘက္ထရီတို့ ပါဝင်လာမယ်ဆိုတာ သိထားရပါတယ်။ နောက်ဘက်မှာ 48MP အဓိက ကင်မရာကို 5MP Macro ယူနစ်နဲ့ တွဲလာမှာဖြစ်ပါတယ်။

Ref – GSM Arena