ပြီးခဲ့တဲ့ ဒီဇင်ဘာလအစပိုင်းတုန်းက လူသိများတဲ့ Tipster တစ်ဦးဖြစ်တဲ့ Steve Hemmerstoffer က Samsung Galaxy A32 5G ရဲ့ CAD render တွေကို မျှဝေခဲ့ပါတယ်။ Steve ရဲ့ Render တွေက Galaxy A32 5G ရဲ့ ပုံသဏ္ဍာန်အစစ်အမှန်နဲ့ အတော်လေးကို နီးစပ်ခဲ့တယ်လို့ဆိုရပါတယ်။

ပြီးခဲ့တဲ့ရက်ကတော့ Winfuture.de က A32 5G ရဲ့ တရားဝင် Render တွေကို မျှဝေလာပါတယ်။ အသစ်ထွက်ပေါ်လာတဲ့ Render တွေမှာတော့ A32 5G ရဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံပိုင်းမှာ အနည်းငယ်ခြားနားနေတာကို တွေ့မြင်ရပါတယ်။ အဓိကအားဖြင့် LED ဖလက်ရှ်နဲ့ စတုတ္ထကင်မရာ နေရာထားပုံချင်း မတူညီတာ ဖြစ်ပါတယ်။

Samsung Galaxy A32 5G ရဲ့ ကျောဘက်ကင်မရာတပ်ဆင်ပုံဟာ လက်ရှိခေတ်စားနေတဲ့ပုံစံတွေလို ကင်မရာလေးလုံးစလုံးကို ဘောင်တစ်ခုတည်းမှာ စုစည်းထည့်သွင်းတားတာမဟုတ်ဘဲ၊ ကင်မရာတစ်လုံးချင်းစီကို သီးသန့်စီထားရှိပြီး၊ ဘောင်မပါတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ကင်မရာတပ်ဆင်ထားတဲ့အပိုင်းကိုကြည့်ရတာ လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။

Galaxy A32 5G ဟာ 6.5-inch LCD မျက်နှာပြင်နဲ့ဖြစ်ပြီး Teardrop notch နဲ့အတူ Selfie ကင်မရာတစ်လုံးကိုလည်း တပ်ဆင်ထားပါတယ်။ အောက်ဘက်က Chin ကတော့ အနည်းငယ်ထူထဲတယ်လို့ဆိုရမှာပါ။ Finger print ကိုတော့ ဘေးဘက်ဘောင်မှာနေရာချထားပါတယ်။ ပြီးခဲ့တဲ့လက ထွက်ပေါ်ထားတဲ့ Geekbench listing အရ Galaxy A32 5G ဟာ Dimensity 720 chipset ကို အသုံးပြုထားတယ်လို့ ခန့်မှန်းခဲ့ကြပေမယ့်လည်း၊ အမှန်တကယ်တပ်ဆင်ထားတာက Dimensity 800U လည်းဖြစ်နိုင်ပါတယ်။

Device ကို Android 11 OS မောင်းနှင်ထားမှာဖြစ်ပြီး 6GB of RAM နဲ့ 64GB/128GB storage တွေကို ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ ကျောဘက်ကင်မရာတွေကတော့ 48MP အဓိကကင်မရာ၊ Ultra-wide lens, Macro နဲ့ Depth helper တို့ပဲ ဖြစ်ပါတယ်။ 5,000mAh ဘက်ထရီတပ်ဆင်ထားပြီး 15W charging နဲ့ NFC ထောက်ပံ့လာမယ်လို့လည်း ကောလာဟလထွက်နေပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက Galaxy A32 5G ဟာ Samsung ရဲ့ ဈေးအသက်သာဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ တောင်ကိုရီးယားကုမ္ပဏီဟာ Galaxy A52 5G နဲ့ Galaxy A72 5G တို့ကိုလည်း ရောင်းချဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina