Samsung ရဲ့ အလှည့်အပြောင်းတွေထဲမှာ Galaxy A series တွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ Mid-range ဈေးကွက်ကို တိုးချဲ့တဲ့နေရာမှာ တောင်ကိုရီးယားကုမ္ပဏီကြီးရဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်ခဲ့ပြီး အခုအချိန်မှာတော့ သိသာကြီးမားတဲ့အကျိုးသက်ရောက်မှုတွေကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ Samsung ဟာ Budget အမျိုးအစားတွေမှာပါ Water resist လို သုံးစွဲသူအကြိုက် Feature တွေ ထည့်သွင်းလာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ထဲမှာထုတ်လာမဲ့ Samsung ရဲ့ Galaxy A series 5G ဟန်းဆက်တွေကို အတော်များများက မျှော်လင့်နေကြတာလို့ဆိုရင် မှားမယ်မထင်ပါဘူး။

အခုတော့ Galaxy A series ထဲက Galaxy A33 5G ကို FCC certification မှာ တွေ့မြင်လာရပြီဖြစ်ပြီး ဘက်ထရီပမာဏနဲ့ အားသွင်းမြန်နှုန်းကို အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-A336B နဲ့ Device ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Safety Korea list မှာ မြင်တွေ့ခဲ့ရတဲ့ EB-BA336ABY part number နဲ့တူညီတဲ့ 5,000mAh ဘက်ထရီကို တပ်ဆင်ထားကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒီဟန်းဆက်ဟာ 25W USB-C adapter နဲ့အတူ ဈေးကွက်ထဲကိုရောက်လာမှာဖြစ်ပေမဲ့ microSD ကတ်အပေါက်နဲ့ နားကြပ်ပေါက်တို့ မပါရှိပါဘူး။ မကြာခင်ကတွေ့ရှိချက်အရ ဒီဟန်းဆက်ဟာ 6.4-inch အရွယ်အစားမျက်နှာပြင်ရှိပြီး Waterdrop notch နဲ့ဖြစ်ပါတယ်။ ကနဦးထွက်ပေါ်ထားတဲ့ Renders တွေအရ ကျောဘက်ကင်မရာတပ်ဆင်ထားပုံကို တွေ့ရှိကြပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ မဖော်ပြနိုင်သေးဘဲ ဖြစ်နေပါသေးတယ်။

Samsung ဟာ ဒီနှစ်ရဲ့ ပထမသုံးလပတ်နှောင်းပိုင်းမှ Galaxy A33 5G ကို ကြေညာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena