[Unicode]

ပြီးခဲ့တဲ့တစ်ပတ်ကတည်းက Samsung Galaxy A31 နဲ့ A41 တို့ရဲ့ ကင်မရာနဲ့ ဘက်ထရီပမာဏတွေအကြောင်း သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတုန်းက A31 ရဲ့ ဘက်ထရီပမာဏအကြောင်းသိခဲ့ရပေမယ့် A41 မှာတော့ ဘယ်လောက်ပမာဏရှိတဲ့ ဘက်ထရီကို တပ်ဆင်ပေးထားမယ်ဆိုတာ မသိခဲ့ရပါဘူး။

အခုတော့ Safety Korea ရဲ့ Certification ကတစ်ဆင့် Samsung Galaxy A41 ရဲ့ ဘက်ထရီပမာဏကို သိလိုက်ရပါပြီ။ သုံးထားမယ့်ဘက်ထရီဟာ 3,500mAh ပမာဏပဲ ဖြစ်ပါတယ်။ ဒီဘက်ထရီကိုရိုက်ကူးထားတဲ့ ဓါတ်ပုံလည်း ထွက်ပေါ်လာပြီး ပုံရဲ့အရည်အသွေးသိပ်မကောင်းပေမယ့် 3,500mAh ဖြစ်တာကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။

Galaxy A41 ရဲ့ အားသွင်းနှုန်းကတော့ Galaxy A40 အတို်ငး 15W အားသွင်းစနစ်ဖြစ်နေကြောင်းသိရပါတယ်။ ဘက်ထရီအပြင် Galaxy A41 ရဲ့ ကင်မရာပိုင်းအကြောင်းကတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။ ကျောဘက်က အဓိကကင်မရာဟာ 48MP ပဲ ဖြစ်လာဖို့ သေချာသလောက်ရှိနေပါပြီ။ အရှေ့ဘက် Selfie ကင်မရာကလည်း 25MP လို့ပဲသတင်းထွက်နေပြီး အပြောင်းအလဲမရှိသေးပါဘူး။

Galaxy A41 မှာ ကျောဘက်ကင်မရာ ဘယ်နှလုံးတပ်ဆင်ပေးထားမယ်ဆိုတာကတော့ အခုထိ ပဟေဠိဖြစ်နေရတုန်းပါပဲ။ ကင်မရာလေးလုံးပါဝင်လာနိုင်တယ်လို့ ကောလာဟလထွက်ထားပြီး ဒီထဲကတစ်လုံးကတော့ Macro ဖြစ်မယ်လို့ ဆိုပါတယ်။ တိကျခိုင်မာတဲ့သတင်းထွက်လာဖို့ ရက်သတ္တပတ်အနည်းငယ်တော့ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

Ref: GSM Arena

[Zawgyi]

Samsung Galaxy A41 မွာ 3,500mAh ဘက္ထရီ တပ္ဆင္ထားမယ္

ၿပီးခဲ့တဲ့တစ္ပတ္ကတည္းက Samsung Galaxy A31 နဲ႔ A41 တို႔ရဲ႕ ကင္မရာနဲ႔ ဘက္ထရီပမာဏေတြအေၾကာင္း သတင္းထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ ဒီတုန္းက A31 ရဲ႕ ဘက္ထရီပမာဏအေၾကာင္းသိခဲ့ရေပမယ့္ A41 မွာေတာ့ ဘယ္ေလာက္ပမာဏရွိတဲ့ ဘက္ထရီကို တပ္ဆင္ေပးထားမယ္ဆိုတာ မသိခဲ့ရပါဘူး။

အခုေတာ့ Safety Korea ရဲ႕ Certification ကတစ္ဆင့္ Samsung Galaxy A41 ရဲ႕ ဘက္ထရီပမာဏကို သိလိုက္ရပါၿပီ။ သုံးထားမယ့္ဘက္ထရီဟာ 3,500mAh ပမာဏပဲ ျဖစ္ပါတယ္။ ဒီဘက္ထရီကို႐ိုက္ကူးထားတဲ့ ဓါတ္ပုံလည္း ထြက္ေပၚလာၿပီး ပုံရဲ႕အရည္အေသြးသိပ္မေကာင္းေပမယ့္ 3,500mAh ျဖစ္တာကိုေတာ့ အတည္ျပဳႏိုင္ခဲ့ပါတယ္။

Galaxy A41 ရဲ႕ အားသြင္းႏႈန္းကေတာ့ Galaxy A40 အတို္ငး 15W အားသြင္းစနစ္ျဖစ္ေနေၾကာင္းသိရပါတယ္။ ဘက္ထရီအျပင္ Galaxy A41 ရဲ႕ ကင္မရာပိုင္းအေၾကာင္းကေတာ့ အေျပာင္းအလဲမရွိခဲ့ပါဘူး။ ေက်ာဘက္က အဓိကကင္မရာဟာ 48MP ပဲ ျဖစ္လာဖို႔ ေသခ်ာသေလာက္ရွိေနပါၿပီ။ အေရွ႕ဘက္ Selfie ကင္မရာကလည္း 25MP လို႔ပဲသတင္းထြက္ေနၿပီး အေျပာင္းအလဲမရွိေသးပါဘူး။

Galaxy A41 မွာ ေက်ာဘက္ကင္မရာ ဘယ္ႏွလုံးတပ္ဆင္ေပးထားမယ္ဆိုတာကေတာ့ အခုထိ ပေဟဠိျဖစ္ေနရတုန္းပါပဲ။ ကင္မရာေလးလုံးပါဝင္လာႏိုင္တယ္လို႔ ေကာလာဟလထြက္ထားၿပီး ဒီထဲကတစ္လုံးကေတာ့ Macro ျဖစ္မယ္လို႔ ဆိုပါတယ္။ တိက်ခိုင္မာတဲ့သတင္းထြက္လာဖို႔ ရက္သတၱပတ္အနည္းငယ္ေတာ့ ေစာင့္ဆိုင္းရဦးမွာျဖစ္ပါတယ္။
Ref: GSM Arena