Unicode
Samsung ကနေ အသစ်ထွက်ရှိလာမယ့် Galaxy A Series ဖုန်းတွေထဲက Galaxy A41 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက သတင်းတွေထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench ပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။
အဆိုပါ Galaxy A41 ရဲ့ Geekbench Benchmark တွေမှာ ထူးခြားတာတစ်ခုကို တွေ့ရပြီးတော့ Processor အနေနဲ့ Exynos နဲ့ Snapdragon Processor တွေကို အသုံးပြုလာမှာမဟုတ်ဘဲ MediaTek ရဲ့ Helio P65 Processor ကို သုံးထားတာပဲဖြစ်ပါတယ်။ Benchmark တွေအရတော့ Single-core Score 1,684 Marks နဲ့ Multi-core Score 5,043 Marks ရရှိထားတဲ့အတွက် Mid Range ဖုန်းတစ်လုံးအနေနဲ့ မဆိုးပေမယ့် Snapdragon Processor တွေထက်တော့ အားနည်းနေပါတယ်။
ဒီလိုမျိုး Samsung အနေနဲ့ MediaTek Processor ကို သုံးလာတာက ထူးဆန်းပေမယ့် ကျန်တဲ့ Specs တွေအနေနဲ့ကတော့ မဆိုးဘူလို့ ပြောနိုင်ပါတယ်။ RAM 4GB ပါဝင်မှာဖြစ်ပြီး Base Storage 64GB အပြင် Android 10 OS ကိုပါ အသုံးပြုလာမှာပါ။
အစောပိုင်းသတင်းတွေအရလည်း Galaxy A41 စမတ်ဖုန်းမှာ 48MP Primary Camera Setup အပြင် 25MP Selfie Camera နဲ့ 15W Fast Charging Support ပြုလုပ်တဲ့ 3500mAh Battery တွေပါဝင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် MediaTek Processor ကို အသုံးပြုထားတဲ့အတွက် စျေးနှုန်းအနေနဲ့တော့ တော်တော်လေးသက်သာနိုင်ဖွယ်ရှိနေပါတယ်။
Ref – GSM Arena
Zawgyi
Ref – GSM Arena