[Unicode]

ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Samsung Galaxy A51 ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။ 6GB/128GB Memory Configuration ၁ မျိုးပဲ ထုတ်လုပ်ပေးထားပြီး ၂၃,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၅ သိန်းလောက်ကျသင့်ပါတယ်။ Prism Crush Black, Prism Crush White, Prism Crush Blue နဲ့ Prism Crush Pink အရောင်တွေ ထုတ်လုပ်ပေးထားပြီး ဒီလ ၃၁ ရက်နေ့မှာ အွန်လိုင်းနဲ့ မြေပြင် အရောင်းဆိုင်တွေကနေ ဝယ်ယူနိုင်မှာပါ။

Galaxy A51 မှာ Exynos 9611 SoC မောင်းနှင်ထားပြီး Android 10 အခြေပြု One UI 2.0 ပါပါတယ်။ ၆.၅ လက်မ Infinity-O Super AMOLED Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ မျက်နှာပြင်ရဲ့ အထက် အလယ်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ဘက် L ပုံစံ ကင်မရာ ၄ လုံးက ဒီဇိုင်းထူးခြားပြီး 48MP Main , 12MP Ultrawide , 5MP Macro နဲ့ 5MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ 15W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါတဲ့အတွက် အားသွင်းရင် မြန်ပါတယ်။ USB-C Port ကလည်း အားသွင်းတာနဲ့ ဒေတာ ကူးပြောင်းတာတွေ အတွက် မိုက်ပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy A51 ကို အိန္ဒိယမှာ ရောင်းပြီ




Ref : gsmarena