ဒီနေ့ခေတ်စမတ်ဖုန်းကမ္ဘာမှာ နောက်ဆုံးပေါ်နည်းပညာတစ်ရပ်အဖြစ် ခေတ်စားလာတာက Software update တွေကတစ်ဆင့် Virtual RAM ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ထပ်ပြီးပေါင်းထည့်ပေးတာပဲ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီအ တော်များများကတော့ သူတို့ရဲ့ထုတ်ကုန်အချို့မှာ ဒါကို လုပ်ဆောင်နေကြပြီးဖြစ်ပါတယ်။

Samsung လည်း တရုတ်ကုမ္ပဏီတွေနဲ့ယှဉ်ပြိုင်ဖို့ ဒီဂိမ်းထဲကို ခုန်ဆင်းလာတာကို တွေ့မြင်နိုင်ပါတယ်။ အကြောင်းက Galaxy A52s 5G ရဲ့ နောက်ဆုံးထွက် Update မှာ ဒီလုပ်ဆောင်ချက်ပါဝင်လာတာဖြစ်ပြီး Samsung ကတော့ RAM Plus လို့ နာမည်ပေးထားပါတယ်။ RAM Plus ဟာ ဖုန်းရဲ့ Storage ကနေ အပို 4GB of RAM ကို ရယူသုံးစွဲနိုင်တာ ဖြစ်ပါတယ်။

တကယ်တော့ Pagefiles ဟာ ကွန်ပျူတာလောကမှာ အသုံးပြုနေခဲ့တာ ကြာပါပြီ။ သူ့ရဲ့လုပ်ဆောင်ချက်ဟာ Hard disk ရဲ့ အရန်သိုမှီးထားတဲ့နေရာလွတ်ကို RAM အစားပေးသုံးတာဖြစ်ပါတယ်။ အခု စမတ်ဖုန်းတွေမှာ အသုံးပြုလာတာလည်း အခြေခံအားဖြင့် တူညီတဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်မှာတော့ ဒီနည်းပညာကို Android ပေါ်တင်ဖို့ဆိုတာ ပြီးပြည့်စုံပြီး အဆင်သင့်ဖြစ်နေတဲ့အခြေအနေဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ဒီအတွက် “Storage ကို အစားထိုးအသုံးပြုတာဟာ လုံလောက်တဲ့မြန်နှုန်းရှိရဲ့လား” ဆိုတဲ့မေးခွန်း ကျန်ရှိနေသေးပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် စမတ်ဖုန်းအတွက် အပို RAM ထွက်လာတာကပဲ ကျေနပ်စရာတစ်ခုလို့ ဖြစ်နေပါတော့တယ်။ ဒါကြောင့်လည်း ဒီနည်းပညာကို အနာဂတ်စမတ်ဖုန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့လာရမယ်လို့ မျှော်လင့်ရပါတယ်။

အိန္ဒိယဈေးကွက်မှာတော့ Samsung A52s 5G အတွက် ထုတ်ပေးလိုက်တဲ့ Software ဗားရှင်း A528BXXU1AUH9 မှာ ဒီလုပ်ဆောင်ချက်ပါဝင်လာပါပြီ။ ဒီ Update ဟာ အရွယ်အစား 250MB ရှိပြီး ကင်မရာပိုင်းဆိုင်ရာ တည်ငြိမ်မှုကိုလည်း ယူဆောင်လာပေးတယ်လို့ သိရပါတယ်။

Ref: GSM Arena