Samsung Galaxy A53 5G ရဲ့ သတင်းတွေထွက်နေတာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဖြစ်ပြီး အခု‌တော့ တရုတ်က TENAA ကနေ Specs အပြည့်အစုံ ထွက်လာပါတယ်။

Galaxy A53 5G ရဲ့ မော်ဒယ်နံပါတ်ဟာ SM-A5360 ဖြစ်ပြီး အမြင့်ဆုံး Clock Frequency 2.4GHz ပါတဲ့ Octa-core Processor မောင်းနှင်ထားပါတယ်။ TENAA မှာ Chipset နာမည်ကို မဖော်ပြထားသေးပေမယ့် Geekbench က စာရင်းအရ SM-A536U မှာ Exynos 1200 SoC ထည့်သွင်းထားတာကို တွေ့ခဲ့ရပြီးပါပြီ။ Core ၂ လုံးဟာ 2.4GHz ဖြစ်ပြီး ကျန်တဲ့ Core ၆ လုံးဟာ 2GHz ဖြစ်ပါတယ်။

Samsung Galaxy A53 5G's images shared by TENAA

SM-A5360 မှာ 8GB RAM ထည့်သွင်းထားပြီး Geekbench က SM-A536U မှာ Android 12 နဲ့ 6GB RAM ပါလာပါတယ်။ အဲဒီအတွက် နိုင်ငံအလိုက် မတူညီတဲ့ မန်မိုရီ ရွေးချယ်စရာတွေ ထုတ်လုပ်ပေးထားနိုင်ပြီး နိုင်ငံအလိုက် Chipset တွေ ကွဲပြားမယ်လို့လည်း သတင်းထွက်နေပါတယ်။

 OnLeaks and Digit.in)

Galaxy A53 5G မှာ ၆.၄၆ လက်မ FullHD+ မျက်နှာပြင် တပ်ဆင်ထားပြီး TENAA မှာ မျက်နှာပြင် အမျိုးအစားကို မဖော်ပြထားပါဘူး။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားတဲ့အတွက် AMOLED အမျိုးအစား ဖြစ်နိုင်ပါတယ်။

TENAA က စာရင်းအရ Galaxy A53 5G ရဲ့ အရှေ့ဘက်မှာ 12MP+5MP ကင်မရာ ၂ လုံးနဲ့ အနောက်ဘက်မှာ 64MP+32MP+5MP ကင်မရာ ၃ လုံးပါလာမှာပါ။ အဲဒီသတင်းအချက်အလက်ဟာ မှားယွင်းနိုင်ပြီး TENAA က မျှဝေထားတဲ့ ဓါတ်ပုံမှာ အနောက် ကင်မရာ ၄ လုံးနဲ့ အရှေ့ကင်မရာ ၁ လုံးထည့်သွင်းထားတာပါ။

ဆဲလ်ဖီး ကင်မရာဟာ 32MP နဲ့ အနောက်ကင်မရာတွေဟာ 64MP Main+23MP Ultrawide+ 5MP Macro+5MP Depth တွေ ဖြစ်နိုင်ပါတယ်။ ဘက်ထရီကို 4,860mAh လို့ ဖော်ပြထားတဲ့အတွက် တကယ့် ဘက်ထရီဟာ 5,000mAh လောက် ဖြစ်နိုင်ပါတယ်။

Galaxy A53 5G ရဲ့ အထူဟာ ၈.၁ မီလီမီတာနဲ့ အလေးချိန်ဟာ ၁၉၀ ဂရမ် ရှိပြီး 128GB နဲ့ 256GB Storage Option ၂ မျိုး ထုတ်လုပ်ထားမှာပါ။ 1TB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်မှာပါ။ TENAA မှာ အဖြူနဲ့ အပြာရောင် ထုတ်လုပ်ထားမယ်လို့ ဖော်ပြထားပြီး ပေါက်ကြားသတင်းတွေအရ အနက်နဲ့ လိမ္မော် အပါအဝင် အနည်းဆုံး အရောင် ၄ မျိုး ပါလာနိုင်ပါတယ်။

Samsung က Galaxy A53 5G အကြောင်း ဘာမှ မပြောသေးပေမယ့် အရင်ပေါက်ကြားသတင်းအရ ဒီနှစ် ပထမ ၃ လအတွင်း ကြေညာနိုင်ပါတယ်။ Galaxy A52 နဲ့ A52 5G ကို အရင်နှစ် မတ်လမှာ ကြေညာခဲ့တဲ့အတွက် A53 5G ကိုလည်း အဲဒီလမှာ ချပြနိုင်ပါတယ်။

Ref : gsmarena