Samsung က ပြီးခဲ့တဲ့လမှာ Galaxy A70 အတွက် Android 10 အခြေပြု One UI 2.0 ကို ယူကရိန်းမှာ ဖြန့်ချိပေးခဲ့ပါတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ပဲ ဖြန့်ချိပေးတာဖြစ်တဲ့အတွက် စမ်းသပ်တဲ့ အဆင့်လို့ ထင်ရပါတယ်။ အခုတော့ အားလုံးအတွက် ဖြန့်ချိပေးလိုက်ပြီ ဖြစ်တဲ့အတွက် Bug ကြီးကြီးမားမား မရှိဘူးလို့ ထင်ပါတယ်။ လက်ရှိမှာ ယူကရိန်းမှာပဲ ရရှိသေးပြီး မကြာခင်မှာ တခြား နိုင်ငံတွေကိုပါ တိုးချဲ့ ဖြန့်ချိပေးမယ်လို့ထင်ရပါတယ်။

Samsung က အိန္ဒိယမှာ Galaxy A70s အတွက် Android 10 အခြေပြု One UI 2.0 ကို ဖြန့်ချိပေးနေပါပြီ။ Over-the-air ကနေ ဖြန့်ချိပေးနေတာ ဖြစ်ပြီး Software Version က A707FDDU2BTC2 ဖြစ်ပါတယ်။ Software Update ရဲ့ အရွယ်အစားက 2GB လောက်ရှိပြီး Update မှာ Android 10 ရဲ့ အလန်းစား လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

ဒါ့အပြင် Update မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက် Security Patch လည်း ထည့်သွင်းထားပါတယ်။ လက်ရှိမှာ Galaxy A70s အတွက် Android 10 အခြေပြု One UI 2.0 ကို  အိန္ဒိယမှာပဲ ဖြန့်ချိပေးနေတာပါ။ မကြာခင်မှာ တခြားနိုင်ငံတွေအတွက်ပါ ဖြန့်ချိပေးမယ်လို့ထင်ပါတယ်။

Ref : gsmarena