[Unicode]

Samsung က 2020 A Series တွေရဲ့ ပထမဆုံး ဖုန်းတွေအနေနဲ့ Galaxy A51 နဲ့ Galaxy A71 တို့ကို ကြေညာခဲ့ပြီး မကြာခင်ကပဲ A51 ရဲ့ 5G မော်ဒယ်ကို တောင်ကိုရီးယားမှာ ချပြခဲ့ပါတယ်။ အခုတော့ A71 အတွက်လည်း 5G မော်ဒယ်ကို ဖန်တီးနေပြီလို့ သတင်းထွက်လာပါတယ်။ SM-A7160 မော်ဒယ်နံပါတ် ပါတဲ့ ဖုန်းကို တရုတ်မှာ ရောင်းပေးထားပါတယ်။ အမေရိကန်မှာတော့ Carrier-locked နဲ့ Unlocked မော်ဒယ်တွေအတွက် မော်ဒယ်နံပါတ်က SM-A716U နဲ့ SM-A716U1 တွေဖြစ်ပါတယ်။

အဲဒီမော်ဒယ်တွေကို လက်ရှိမှာ ဖန်တီးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဒီအကြောင်း မျှဝေလိုက်တဲ့ SamMobile က သတင်းအရင်းအမြစ်ကို မပြောထားပါဘူး။ အရင်မျိုးဆက်တွေဖြစ်တဲ့ Galaxy A70 နဲ့ Galaxy A70s တို့ကို အမေရိကန်မှာ မရောင်းပေးထားပါဘူး။ အဲဒီအတွက် Galaxy A71 5G ကို အမေရိကန်မှာ ရောင်းမယ်ဆိုတာဟာ Samsung Fans တွေအတွက် ဝမ်းသာစရာ သတင်းပါ။

အမေရိကန်က Samsung စတိုးတွေ၊ Carriers နဲ့ တခြား အရောင်းဆိုင်တွေမှာ Galaxy A50, Galaxy A20 နဲ့ Galaxy A10e တို့ကိုပဲ ရောင်းချပေးထားပါတယ်။ Samsung က တရုတ်မှာ သာမက အမေရိကန်မှာလည်း Galaxy A51 5G ကို ရောင်းချနိုင်ပါတယ်။ Samsung ရဲ့ အဲဒီ 5G ဖုန်းတွေမှာ အသုံးပြုထားမယ့် Chipset ကို မသိရသေးပါဘူး။ Samsung က 5G Modem ပါတဲ့ Exynos 980 ကို ထုတ်လုပ်ထားပြီး Galaxy A71 5G အတွက် Snapdragon 765G ကို သုံးထားနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy A71 5G ကို အေမရိကန္မွာ ေရာင္းႏိုင္

Samsung က 2020 A Series ေတြရဲ႕ ပထမဆုံး ဖုန္းေတြအေနနဲ႔ Galaxy A51 နဲ႔ Galaxy A71 တို႔ကို ေၾကညာခဲ့ၿပီး မၾကာခင္ကပဲ A51 ရဲ႕ 5G ေမာ္ဒယ္ကို ေတာင္ကိုရီးယားမွာ ခ်ျပခဲ့ပါတယ္။ အခုေတာ့ A71 အတြက္လည္း 5G ေမာ္ဒယ္ကို ဖန္တီးေနၿပီလို႔ သတင္းထြက္လာပါတယ္။ SM-A7160 ေမာ္ဒယ္နံပါတ္ ပါတဲ့ ဖုန္းကို တ႐ုတ္မွာ ေရာင္းေပးထားပါတယ္။ အေမရိကန္မွာေတာ့ Carrier-locked နဲ႔ Unlocked ေမာ္ဒယ္ေတြအတြက္ ေမာ္ဒယ္နံပါတ္က SM-A716U နဲ႔ SM-A716U1 ေတြျဖစ္ပါတယ္။

အဲဒီေမာ္ဒယ္ေတြကို လက္ရွိမွာ ဖန္တီးေနတဲ့ အဆင့္မွာပဲ ရွိပါေသးတယ္။ ဒါေပမယ့္ ဒီအေၾကာင္း မွ်ေဝလိုက္တဲ့ SamMobile က သတင္းအရင္းအျမစ္ကို မေျပာထားပါဘူး။ အရင္မ်ိဳးဆက္ေတြျဖစ္တဲ့ Galaxy A70 နဲ႔ Galaxy A70s တို႔ကို အေမရိကန္မွာ မေရာင္းေပးထားပါဘူး။ အဲဒီအတြက္ Galaxy A71 5G ကို အေမရိကန္မွာ ေရာင္းမယ္ဆိုတာဟာ Samsung Fans ေတြအတြက္ ဝမ္းသာစရာ သတင္းပါ။

အေမရိကန္က Samsung စတိုးေတြ၊ Carriers နဲ႔ တျခား အေရာင္းဆိုင္ေတြမွာ Galaxy A50, Galaxy A20 နဲ႔ Galaxy A10e တို႔ကိုပဲ ေရာင္းခ်ေပးထားပါတယ္။ Samsung က တ႐ုတ္မွာ သာမက အေမရိကန္မွာလည္း Galaxy A51 5G ကို ေရာင္းခ်ႏိုင္ပါတယ္။ Samsung ရဲ႕ အဲဒီ 5G ဖုန္းေတြမွာ အသုံးျပဳထားမယ့္ Chipset ကို မသိရေသးပါဘူး။ Samsung က 5G Modem ပါတဲ့ Exynos 980 ကို ထုတ္လုပ္ထားၿပီး Galaxy A71 5G အတြက္ Snapdragon 765G ကို သုံးထားႏိုင္ပါတယ္။

Ref : gsmarena