ဆဲလ်ဖီးဆွဲဖို့ အနောက်ကင်မရာကို အရှေ့ဘက် လှည့်လို့ရတဲ့ Flip ကင်မရာပါတဲ့ Galaxy A80 ကို မှတ်မိကြသေးလား။ ကင်မရာဟာ ဖုန်းကိုယ်ထည်အောက်ကနေ အပေါ်တက်လာတဲ့ ဒီဇိုင်း  ဖြစ်တဲ့အတွက် မျက်နှာပြင် အထက်ကဘောင်ဟာ ပါးလွှာသလို Punch Hole လည်း မပါပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ အဲဒီဖုန်းရဲ့ မော်ဒယ်အသစ် မထွက်လာခဲ့ပါဘူး။

Review - Samsung Galaxy A80: Over-engineered smartphone | Nasi Lemak Tech

အခုတော့ Samsung ဟာ Galaxy A82 ကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် အဲဒီ ဖုန်းမှာ A80 မှာလို Flip-up ကင်မရာ ပါလာမလားဆိုတာ မသေချာသေးဘဲ 5G ဆက်သွယ်မှု ပါလာမယ်ဆိုတဲ့ သတင်းပဲကြားသိရပါသေးတယ်။ ၂၀၂၁ ခုနှစ်ထုတ် ဖုန်းမှာ 5G ပါလာတာကတော့ မထူးဆန်းပါဘူး။

Galaxy A80 flipping camera is built for abuse - SlashGear

လက်ရှိမှာ အဲဒီလို ကင်မရာ ဒီဇိုင်းမျိုး ပါတာ Asus Zenfones မှာပဲ တွေ့ရပါသေးတယ်။ မျက်နှာပြင်အောက် ကင်မရာ နည်းပညာ မပေါ်သေးခင်ကတော့ Full Screen ဒီဇိုင်းရဖို့ Flip-up , Pop-up ကင်မရာတွေဟာ ရွေးချယ်စရာ ၁ ခု ဖြစ်ခဲ့ပါတယ်။ ပင်မကင်မရာကို ဆဲလ်ဖီးအတွက် သုံးနိုင်လို့ ဓါတ်ပုံ အရည်အသွေး ပိုမိုက်သလို မြင်ကွင်းကျယ် ကင်မရာနဲ့ LED Flash တွေကိုပါ ဖောဖောသီသီ သုံးနိုင်ပါတယ်။

Samsung ဟာ Galaxy A82 ကို ဖန်တီးနေတဲ့ အဆင့်ပဲရှိနိုင်ပါသေးတယ်။ မကြာခင်မှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာပါ။

Ref : gsmarena