Samsung ဟာ Galaxy Book 2 Go အမည်ရ လက်ပ်တော့ အသစ်ကို ကြေညာလိုက်ပြီး Qualcomm ရဲ့ လက်ပ်တော့ Processor ထည့်သွင်းထားပါတယ်။

Samsung

Galaxy Book 2 Go ဟာ ပါးလွှာ ပေါ့ပါးပြီး ကျစ်လစ်တဲ့ ဒီဇိုင်းပါသလို စွမ်းရည် မြင့်မားပါတယ်။ Qualcomm ရဲ့ Snapdragon 7c+ Gen 3 Chipset အသစ် ထည့်သွင်းထားပြီး မူလ Galaxy Book Go မှာ ပါတဲ့ Snapdragon 7c Gen 2 နဲ့ ယှဉ်ရင် CPU စွမ်းရည်က ၄၀ ရာခိုင်နှုန်း GPU စွမ်းရည်က ၃၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Chipset အသစ်က WiFi 6E နဲ့ Bluetooth 5.2 တို့လို လုပ်ဆောင်ချက်တွေကို ထောက်ပံ့ထားပါတယ်။

Samsung Galaxy Book2 Go Wi-Fi and Galaxy Book2 Go 5G Listing Spotted on FCC Certification Website, Expected to Launch Soon - MySmartPrice

ဒါ့အပြင် LPDDR4X RAM နဲ့ NVMe SSD Storage တွေကိုလည်း ထောက်ပံ့နိုင်ပါတယ်။ Qualcomm က Chip အသစ်ဟာ AI Processing ကို ပိုတိုးတက်စေတယ်လို့ ပြောပါတယ်။ Chip ကို 6nm Node နဲ့ TSMC က ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် စွမ်းအင် စားသုံးမှု နည်းပါးပါတယ်။ Chipset က 5G ကို ထောက်ပံ့ပေမယ့် Samsung က WiFi Only မော်ဒယ်အတွက် Modem ကို Lock လုပ်ထားပါတယ်။ လက်ပ်တော့ရဲ့ တခြားလုပ်ဆောင်ချက်တွေထဲမှာ Galaxy Buds Auto Switch, Link To Windows, Multi Control, Quick Share, Samsung Notes နဲ့ Second Screen တို့ ပါပါတယ်။

Galaxy Book 2 Go မှာ ၁၄ လက်မ IPS LCD Full HD မျက်နှာပြင် တပ်ဆင်ထားပြီး ၁၈၀ ဒီဂရီ Hinge ပါပါတယ်။ အရွယ်ကြီး Trackpad နဲ့ Webcam တပ်ဆင်ထားပြီး Samsung က RAM , Storage နဲ့ ဘက်ထရီ ပမာဏကို မပြောသေးပါဘူး။ MIL-STD-810G နဲ့ တည်ဆောက်ထားတဲ့အတွက် အကြမ်းခံပြီး အလေးချိန်က ၁.၄၄ ကီလိုဂရမ်နဲ့ အထူက ၁၅.၅ မီလီမီတာ ရှိပါတယ်။ Galaxy Book 2 Go ကို ဒီလ ၂၀ ရက်နေ့ ပြင်သစ်မှာ Samsung တရားဝင် ဝက်ဘ်ဆိုက်ကနေ ရောင်းမှာပါ။

Ref : gizmochina