[Unicode]

Samsung က Galaxy Buds+ ကို ကြေညာဖို့ အသင့် ဖြစ်နေပြီလို့ သတင်းထွက်လာပါတယ်။ Chinese MIIT မှာ Bluetooth Certification ရရှိသွားပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-R175 ဖြစ်ပါတယ်။ လက်ရှိ ရောင်းထားတဲ့ မော်ဒယ်နံပါတ်က SM-R170 ဖြစ်ပါတယ်။ Galaxy Buds+ ကို Galaxy S11 Series တွေနဲ့အတူ ကြေညာမယ်လို့ ထင်ပါတယ်။

Galaxy Buds+ ရဲ့ Official Support Page ကိုလည်း ပြုလုပ်ပေးထားပြီးပြီ ဖြစ်သလို ဗီဒီယိုတွေလည်း ထွက်ထားပါတယ်။ Samsung SmartThings ရဲ့ App Code မှာ Galaxy Buds+ ရဲ့ အထောက်အထားတွေ တွေ့နေရပါတယ်။ Galaxy Buds+ နဲ့ Case ရဲ့ ဒီဇိုင်းဟာ အရင် မော်ဒယ်တွေနဲ့ တူပါတယ်။

Galaxy Buds+ မှာ Active Noise Cancellation ပါမယ်လို့ သတင်းထွက်နေတဲ့အတွက် ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖျောက်ပေးနိုင်ပါတယ်။ FCC မှာလည်း မကြာခင်က Galaxy Buds+ ကို မှတ်ပုံတင်ထားပါတယ်။ မှတ်ပုံတင်ထားတဲ့သတင်းအချက်အလက်တွေအရ ဘက်ထရီ သက်တမ်း ပိုလန်းလာမယ်လို့ သိရပါတယ်။ FCC က ပုံကြမ်းအရ နားကြပ် ၁ ဖက်စီမှာ 300mA ပမာဏ ပါမယ်လို့ ဖော်ပြထားတဲ့အတွက် စုစုပေါင်း 600mA ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အရင်ရောင်းချထားတဲ့ Galaxy Buds ရဲ့ ဘက်ထရီ သက်တမ်းထက် သီအိုရီ အရ ၃ ဆ ပိုများလာမှာ ဖြစ်ပြီး Case ရဲ့ ဘက်ထရီ သက်တမ်းကလည်း အနည်းငယ် ပိုဂွတ်လာမှာ ဖြစ်ပါတယ်။

Ref : gsmarena

[Zawgyi]

Samsung Galaxy Buds+ ကို မကြာခင် ကြေညာနိုင်




Ref : gsmarena