Unicode

Samsung ကနေ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Galaxy S20 Series စမတ်ဖုန်းတွေနဲ့ Foldable Phone အသစ်ဖြစ်တဲ့ Galaxy Z Flip ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ စမတ်ဖုန်းအသစ်တွေအပြင် Galaxy Buds Plus Wireless Earbuds အသစ်ကိုပါ အတူမိတ်ဆက်လာဖို့များနေပါတယ်။

အခုလည်း ဒီ Galaxy Buds Plus Earbuds တွေရဲ့ သတင်းအချို့ကို SamMobile ကနေ ဖော်ပြခဲ့ပြီး သတင်းကောင်းရော သတင်းဆိုးပါ တွဲပြီး ပါဝင်နေပါတယ်။

အရင်ဆုံး သတင်းကောင်းအနေနဲ့ကတော့ Galaxy Buds Plus မှာ Battery ကို ယခင် 58mAh Battery ကနေ 85mAh Battery အထိ တိုးမြှင့်ပေးလိုက်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ Galaxy Buds Plus Earbuds တွေဟာ Single Charge နဲ့တင် ၁၂ နာရီဆက်တိုက်လောက် နားထောင်နိုင်မယ့် ပုံစံပါပဲ။ အဲ့ဒီအပြင် Audio Quality နဲ့ Call Quality ပိုင်းမှာလည်း ပိုပြီး တိုးတက်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့် သတင်းဆိုးတစ်ခုကတော့ ဒီ Galaxy Buds Plus တွေမှာ Active Noise Cancellation Feature ကတော့ ပါဝင်မှာမဟုတ်ဘူးဆိုတာ သေချာသွားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ ANC ပါဝင်တဲ့ Wireless Earbuds တွေဖြစ်တဲ့ Apple AirPods Pro နဲ့ Huawei Freebuds 3 တို့နဲ့ ယှဥ်ရင်တော့ အားနည်းသွားတာပြီလို့ ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် ဒီ Galaxy Buds Plus Earbuds တွေက Galaxy S20 Series ဖုန်းတွေနဲ့အတူ Bundle လိုက်ရောင်းချလာနိုင်ပြီးတော့ ဒီအတိုင်းဆိုရင် တကယ်လို့ Galaxy Buds ရှိပြီးသားသူတွေအတွက်ကတော့ Upgrade မလုပ်သင့်ဘူးလို့ ပြောနိုင်ပါတယ်။

Ref – Android Authority

Zawgyi

Samsung ကေန လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ Galaxy S20 Series စမတ္ဖုန္းေတြနဲ႔ Foldable Phone အသစ္ျဖစ္တဲ့ Galaxy Z Flip ကို မိတ္ဆက္သြားေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ စမတ္ဖုန္းအသစ္ေတြအျပင္ Galaxy Buds Plus Wireless Earbuds အသစ္ကိုပါ အတူမိတ္ဆက္လာဖို႔မ်ားေနပါတယ္။

အခုလည္း ဒီ Galaxy Buds Plus Earbuds ေတြရဲ႕ သတင္းအခ်ိဳ႕ကို SamMobile ကေန ေဖာ္ျပခဲ့ၿပီး သတင္းေကာင္းေရာ သတင္းဆိုးပါ တြဲၿပီး ပါဝင္ေနပါတယ္။

အရင္ဆုံး သတင္းေကာင္းအေနနဲ႔ကေတာ့ Galaxy Buds Plus မွာ Battery ကို ယခင္ 58mAh Battery ကေန 85mAh Battery အထိ တိုးျမႇင့္ေပးလိုက္တာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီ Galaxy Buds Plus Earbuds ေတြဟာ Single Charge နဲ႔တင္ ၁၂ နာရီဆက္တိုက္ေလာက္ နားေထာင္ႏိုင္မယ့္ ပုံစံပါပဲ။ အဲ့ဒီအျပင္ Audio Quality နဲ႔ Call Quality ပိုင္းမွာလည္း ပိုၿပီး တိုးတက္လာမယ္လို႔ သိရပါတယ္။

ဒါေပမယ့္ သတင္းဆိုးတစ္ခုကေတာ့ ဒီ Galaxy Buds Plus ေတြမွာ Active Noise Cancellation Feature ကေတာ့ ပါဝင္မွာမဟုတ္ဘူးဆိုတာ ေသခ်ာသြားတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ လက္ရွိ ANC ပါဝင္တဲ့ Wireless Earbuds ေတြျဖစ္တဲ့ Apple AirPods Pro နဲ႔ Huawei Freebuds 3 တို႔နဲ႔ ယွဥ္ရင္ေတာ့ အားနည္းသြားတာၿပီလို႔ ေျပာရမွာပါ။

ဘာပဲျဖစ္ျဖစ္ ဒီ Galaxy Buds Plus Earbuds ေတြက Galaxy S20 Series ဖုန္းေတြနဲ႔အတူ Bundle လိုက္ေရာင္းခ်လာႏိုင္ၿပီးေတာ့ ဒီအတိုင္းဆိုရင္ တကယ္လို႔ Galaxy Buds ရွိၿပီးသားသူေတြအတြက္ကေတာ့ Upgrade မလုပ္သင့္ဘူးလို႔ ေျပာႏိုင္ပါတယ္။

Ref – Android Authority