Samsung က Galaxy S21 Series နဲ့အတူ Galaxy Buds Pro Truly Wireless နားကြပ်ကို ကြေညာလိုက်ပါတယ်။ Samsung ရဲ့ ပထမဆုံး စွမ်းရည်မြင့် နားကြပ်လို့ ပြောနိုင်ပြီး ဒီဇိုင်းက Galaxy Buds+ နဲ့ တူပေမယ့် ဘက်ထရီ သက်တမ်းပိုကောင်းလာပါတယ်။ ဒါ့အပြင် အသံအရည်အသွေးနဲ့ Active Noise Cancellation ပို မိုက်လာပါတယ်။

Samsung Galaxy Buds Pro announced with improved call quality

Galaxy Buds Pro မှာ 11mm Woofers ပါတဲ့အတွက် အသံတွေ ပိုနက်ရှိုင်းပြီး 6.5mm Tweeters က အသံ ကြည်လင်ပြတ်သားစေပါတယ်။ မလိုလားအပ်တဲ့ ဆူညံသံတွေကို ဖျောက်ပေးနိုင်တဲ့ မိုက်ကရိုဖုန်း ၃ လုံး ထည့်သွင်းထားပြီး Samsung ရဲ့ အသစ်စက်စက် Wind Shield နည်းပညာ ပါတဲ့အတွက် ဖုန်းပြောနေချိန်၊ စက်ဘီးစီးချိန်တို့မှာ လေတိုက်သံတွေ မကြားရပါဘူး။

Samsung Galaxy Buds Pro announced with improved call quality

Active Noise Cancellation (ANC) က ဆူညံသံတွေကို ၉၉ ရာခိုင်နှုန်းတောင် ဖျောက်ပေးနိုင်တယ်လို့ Samsung က ပြောပါတယ်။ မိုက်တာက ANC Level ကို စိတ်ကြိုက်ချိန်ညှိနိုင်တာပါ။ ကားဟွန်းတီးသံ၊ ဘူတာရုံက သတိပေးကြေညာချက်တွေကို ကြားနိုင်ဖို့ Ambient Sound လုပ်ဆောင်ချက်ထည့်သွင်းထားပါတယ်။

Samsung Galaxy Buds Pro announced with improved call quality

နောက်ထပ် လုပ်ဆောင်ချက် အသစ် ၁ ခုက Auto Switch ဖြစ်ပြီး တက်ဘလက်နဲ့ ဖုန်းလို Device ၂ ခုကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ တက်ဘလက်မှာ ရုပ်ရှင်ကြည့်တဲ့အချိန် ဖုန်း ဝင်လာရင် နားကြပ်က အလိုလို ရုပ်ရှင်ကို ရပ်ပေးမှာ ဖြစ်ပြီး ဖုန်း လက်ခံပြောနိုင်စေမှာပါ။ ဖုန်းပြောပြီးတာနဲ့ တက်ဘလက်က ရုပ်ရှင် အသံကိုပြန်ဖွင့်ပေးမှာပါ။

Samsung Galaxy Buds Pro announced with improved call quality

ဒါတင်မကသေးပါဘူး။ Apple Spatial Audio လို Dolby Head Tracking နည်းပညာကို အခြေပြုထားတဲ့ 360 Audio ပါလာပါတယ်။ Game Mode ကလည်း ဂိမ်းကစားတဲ့အခါမှာ အသံနောက်ကျတာကို လျှော့ချပေးပါတယ်။

နားကြပ် ၁ ဖက်စီမှာ 61mAh ဘက်ထရီ ပါလာပြီး Samsung က ANC ဖွင့်ထားရင် ၅ နာရီနဲ့ ပိတ်ထားရင် ၈ နာရီလောက် သီချင်းနားထောင်နိုင်တယ်လို့ ပြောပါတယ်။ Case မှာ နောက်ထပ် 472mAh ဘက်ထရီ ထည့်သွင်းထားပြီး စုစုပေါင်း ၁၈ နာရီနဲ့ ၂၈ နာရီ အသီးသီး အသုံးခံပါတယ်။ Fast Charging က ၅ မိနစ် အားသွင်းရင် ၁ နာရီလောက် သီချင်းနားထောင်လို့ရပါတယ်။

Phantom Silver, Phantom Violet နဲ့ Phantom Black ၃ ရောင် ထုတ်လုပ်ထားပြီး ဥရောပမှာ ၂၃၀ ယူရို၊ အမေရိကန်မှာ ၂၀၀ ဒေါ်လာနဲ့ ရောင်းပေးလိုက်ပါပြီ။ မြန်မာငွေ ၃ သိန်း ၇ သောင်းနဲ့ ၂ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena