Samsung Gal axy Buds Pro ဟာ ကုမ္ပဏီရဲ့ TWS Earphone အသစ် ဖြစ်လာလိမ့်မယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီတုန်းကတော့ ကြိုးမဲ့နားကြပ်ကို Indonesia Telecom Certifaction authority မှာ မော်ဒယ်နံပါတ် SM-R190 နဲ့ အတူတွေ့ခဲ့ရတာပါ။

ဒါတင်မကသေးပါဘူး တရုတ် 3C နဲ့ ကိုရီးယားရဲ့ NRRA listing တွေမှာလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ အခုလည်း တူညီတဲ့မော်ဒယ်နံပါတ် SM-R190 ကို FCC data base မှာ မြင်တွေ့နေရပြန်ပါပြီ။ ဒါကြောင့် အသေးစိတ်အချက်အလက်နဲ့ မိတ်ဆက်မယ့်ရက်ကို သိရရင်ပဲ အတော်လေး အဆင်ပြေနေပြီလို့ ဆိုရပါလိမ့်မယ်။

လာမယ့် Wireless earbuds တွေဟာ ပြီးခဲ့တဲ့ Galaxy Buds Live လို Bean-shaped ပုံစံအစား Galaxy Buds+ ဒီဇိုင်းမျိုးပဲ တည်ဆောက်သွားမယ်လို့ သိရပါတယ်။ Listing အရ Buds Pro အသစ်ဟာ Case နဲ့ဆိုရင် 500mAh charge အထိ ရှိမယ်လို့ သိရပါတယ်။ နောက်တစ်ချက်က Galaxy Buds Live case ရဲ့ ဒီဇိုင်းနဲ့ တူတယ်လို့ ဆိုတာပါပဲ။

ပြီးခဲ့တဲ့ ကောလာဟလတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ Galaxy Buds Pro မှာ ANC (Active noise Cancellation) စနစ်လည်း ပါဝင်လာမယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် FCC မှာလည်း တွေ့မြင်လာရပြီဖြစ်တာကြောင့် မကြာခင်မှာပဲ အခြားခိုင်လုံတဲ့အချက်အလက်တွေကို သိရှိရတော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena