Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Galaxy S10 Series ဖုန်းတွေနဲ့အတူ True Wireless (TWS) Earbuds တွေဖြစ်တဲ့ Galaxy Buds တွေကိုပါတွဲပြီး မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Galaxy Buds Plus ၊ Galaxy Buds Live ဆိုပြီး Flagship ဖုန်းအသစ်တွေမိတ်ဆက်တိုင်း Buds အသစ်တွေဆက်တိုက်ကို ထုတ်နေတာလည်းဖြစ်ပါတယ်။

အခုလည်း Samsung ရဲ့ Galaxy S21 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာနိုင်တဲ့ Galaxy Buds Earbuds အသစ်ရဲ့ နာမည်ကပေါက်ကြားခဲ့ပြန်ပါပြီ။ ဒါကိုတော့ Galaxy Buds Sound ဆိုပြီး နာမည်ပေးထားမှာပဲဖြစ်ပါတယ်။

ယခုသတင်းကို SamMobile ကနေ ဖော်ပြခဲ့တာဖြစ်ပြီး UK Intellectual Property Office မှာ အဆိုပါ Galaxy Buds Sounds နာမည်နဲ့ မူပိုင်ခွင့်ရယူထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Earbuds အသစ်မှာ ဘယ်လိုမျိုး Feature တွေပါဝင်မလဲဆိုတာနဲ့ Design ပုံစံကိုတော့ မသိရှိရသေးပါဘူး။

လောလောဆယ်မှာတော့ Samsung ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Galaxy Buds Live ဟာ Active Noise Cancellation (ANC) Feature ပါဝင်သလို Design အရလည်း ယခင် Galaxy Buds နဲ့ Buds Plus တွေကနေ ကွဲထွက်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Galaxy Buds Sound မှာလည်း အနည်းဆုံး ANC Feature ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S21 Series စမတ်ဖုန်းတွေဟာ လာမယ့် ၂၀၂၁ နှစ်စပိုင်းမှာ မိတ်ဆက်လာမှာဖြစ်တဲ့အတွက် မကြာခင်မှပဲ ဒီ Galaxy Buds Sound တွေနဲ့ ပတ်သက်တဲ့သတင်းတွေကိုလည်း သိရဖွယ်ရှိပါတယ်။

Ref – Gizmo China