Samsung Galaxy Watch4 ရဲ့ Renders ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ Samsung Galaxy Buds2 ရဲ့ Renders လည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ Galaxy Buds2 Renders ကတော့ ယုံကြည်စိတ်ချရတဲ့ ထုတ်လုပ်မှုနယ်ပယ်တွင်းရင်းမြစ်တွေကတစ်ဆင့် 91Mobile က ပြန်လည်ဖော်ပြပေးထားတာပါ။

Samsung ဟာ လာမဲ့ ဇွန်လ ၂၈ ရက် MWC 2021 မှာ Galaxy Watch4 နဲ့အတူ Galaxy Buds2 တွေကို တစ်ပါတည်း ပွဲထုတ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီ TWS earbuds တွေကို FCC မှာ တွေ့ခဲ့ရပြီးဖြစ်လို့ Hardware ပိုင်းဆိုင်ရာ အချက်အလက်အချို့နဲ့ ပကတိရုပ်ပုံလည်း တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။

အခုမြင်တွေ့ရတဲ့ Renders မှာတော့ Galaxy Buds2 ကို ရှင်းလင်းပြတ်သားတဲ့ ဒီဇိုင်းနဲ့အတူ တွေ့မြင်ရတာပါ။ ဒါကြောင့် Galaxy Buds2 တွေဟာ မူလ Galaxy Buds, Buds+ တို့နဲ့နှိုင်းယှဉ်ရင် အနည်းငယ်ကွဲပြားတဲ့ဒီဇိုင်းနဲ့ တည်ဆောက်ထားတယ်ဆိုတာ တွေ့နိုင်ပါတယ်။ Buds2 ဟာ Glossy dual-tone အစား Uniform texture ဘက်ကိုသွားတာကြောင့် ချောမွေ့တောက်ပတဲ့ ဒီဇိုင်းမျိုးလို့ သတ်မှတ်နိုင်ပါတယ်။

ကိုယ်ထည်မျက်နှာပြင်မှာတော့ ဆူညံမှုကို လျှော့ချနိုင်စွမ်းတိုးမြှင့်ထားတဲ့ Microphones နှစ်လုံး ရှိပါတယ်။ Galaxy Buds Pro, Galaxy Buds Live တို့လိုမျိုး Active Noise cancellation (ANC) ထောက်ပံ့ထားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ Active Noise reduction feature တော့ ပါဝင်မှာပါ။ ကိုယ်ထည်အတွင်းပိုင်းမှာတော့ Wear detect အတွက် Sensor နဲ့ Charging connectors ကို တွေ့မြင်ရပါတယ်။

Galaxy Buds2 ရဲ့ Charging Case ကတော့ စတုရန်းပုံစံမျိုးဖြစ်ပြီး Galaxy Buds Live, Buds Pro တို့ရဲ့ Case ပုံစံတွေနဲ့ ဆင်တူပါတယ်။ FCC ရဲ့ ဖော်ပြချက်အရ 500mAh ဘက်ထရီနဲ့ဖြစ်ပြီး Earbuds တစ်ခုစီမှာ 60mAh ဘက်ထရီတွေ တပ်ဆင်ပေးထားပါတယ်။ Galaxy Buds2 အရောင်တွေကတော့ White, Black, Purple နဲ့ Green တို့ကို တွေ့မြင်ရပါတယ်။ အခုထွက်လာတဲ့ Renders က Official ဖြစ်တာကြောင့် ဒီအရောင်တွေကို အတည်ပြုလို့ရပြီပဲ ဖြစ်ပါတယ်။

Ref: 91Mobile