Samsung ဟာ ဒီလ ၁၁ ရက်နေ့မှာ Foldable စမတ်ဖုန်း အသစ် ၂ လုံး၊ စမတ်နာရီ အသစ် ၂ လုံးနဲ့ Galaxy Buds2 တို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Galaxy Buds2 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားနေပြီး အခုတော့ Specs အပြည့်အစုံကို မိတ်ဆက်ပွဲ မတိုင်ခင် သိရပြီ ဖြစ်ပါတယ်။

Samsung app leaks all the details on the Galaxy Buds 2

Galaxy Buds2 မှာ Bluetooth 5.2 ပါလာမှာ ဖြစ်ပြီး Active Noise Cancellation နဲ့ Ambient Mode ထည့်သွင်းထားမှာပါ။ နားကြပ်တစ်ဖက်စီမှာ မိုက်ကရိုဖုန်း ၃ လုံး တပ်ဆင်ထားပြီး Qi Charging ကို Case မှာ ထောက်ပံ့ထားပါတယ်။ IPX7 စံနှုန်း ပါလာမှာ ဖြစ်ပြီး ရေထဲနှစ်ထားရင်တောင် မပျက်ဆီးပါဘူး။

Samsung Galaxy Buds 2: Details, images, and pricing of imminent ANC earbuds  revealed ahead of launch - NotebookCheck.net News

ANC ကို ဖွင့်ထားရင် ဘက်ထရီ သက်တမ်းက ၅ နာရီ ဖြစ်ပြီး ANC ပိတ်ထားရင် ၈ နာရီ ဖြစ်ပါတယ်။ Case က ဘက်ထရီနဲ့ပါပေါင်းလိုက်ရင် ANC ဖွင့်ထားရင် ၁၃ နာရီနဲ့ ပိတ်ထားရင် ၂၀ နာရီ အသုံးခံပါတယ်။ နားကြပ်တစ်ဖက်စီမှာ 61mAh ဘက်ထရီ ထည့်သွင်းထားပြီး Case ရဲ့ ဘက်ထရီက 472mAh ဖြစ်ပါတယ်။ နားကြပ်ကို ၅ မိနစ်အားသွင်းရင် ၅၅ မိနစ် သုံးနိုင်ပြီး နားကြပ်တစ်ဖက်စီမှာ Driver ၂ ခု၊ 11mm Woofer ၁ ခုနဲ့ 6.5mm Tweeter ၁ ခု ထည့်သွင်းထားပါတယ်။

Galaxy Buds2 ဟာ Galaxy Buds Pro ထက် ဈေးနည်းပေမယ့် လုပ်‌ဆောင်ချက်အားလုံးနီးပါး ပါလာမှာပါ။ Samsung Galaxy Buds 2 ကို ၁၇၂ ယူရိုနဲ့ ရောင်းမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး မြန်မာငွေ ၃ သိန်း ၃ သောင်းလောက်ရှိတဲ့အတွက် ဈေးမသေးပါဘူး။

Ref : gsmarena