ပြီးခဲ့တဲ့တစ်ပတ်နောက်ဆုံးရက်တုန်းက Galaxy Buds2 ရဲ့ Render ပုံရိပ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ 91Mobiles က ဖော်ပြပေးတဲ့ Renders အရ ဒီ TWS earbuds တွေရဲ့ ဒီဇိုင်းနဲ့ White, Black, Purple, Green စတဲ့ အရောင်တွေအကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Samsung ဟာ Galaxy Buds2 တွေကို လာမဲ့သြဂုတ်လမှာ စတင်ရောင်းချမှာဖြစ်ပြီး နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ ဒီ TWS earbuds တွေဟာ $149 – $169 (၂ သိန်း ၄ သောင်းခွဲဝန်းကျင် − ၂ သိန်း ၈ သောင်းဝန်းကျင်) ကြားမှာ ရှိမယ်လို့ သိရပါတယ်။ ဒီဈေးနှုန်းအတိုင်းသာဆိုရင် Galaxy Buds Pro ထက် ဈေးနည်းတယ်လို့ ဆိုရမှာပါ။

Galaxy Buds+ ဟာ $149 နဲ့ စခဲ့ပြီး (အခုတော့ အချို့ဈေးကွက်မှာ $99) Galaxy Buds Pro ကတော့ $199 နဲ့ စတင်ဖြန့်ချိခဲ့တာပါ။ ဒါကြောင့် Galaxy Buds2 ဟာ Galaxy Buds Pro ပြီးတဲ့နောက် ဒုတိယဦးစားပေး ဝယ်ရမဲ့စာရင်းဝင်လာနိုင်ပါတယ်။ ဒါပေမဲ့ Galaxy Buds2 မှာ Galaxy Buds Pro လိုမျိုး Active Noise Cancellation (ANC) မထောက်ပံ့ထားဘူးလို့ သတင်းထွက်နေပါတယ်။

ဈေးနှုန်းလျော့ချထားတဲ့အတွက် Galaxy Buds2 မှာ Active Noise reduction feature ပဲ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဘက်ထရီပမာဏကတော့ Earbuds တစ်ခုစီမှာ 60mAh တွေတပ်ဆင်ပေးထားပြီး Case ကတော့ 500mAh ဖြစ်ပါတယ်။

Ref: GSM Arena