Galaxy Buds 2 Pro က Samsung တို့ သဘောအကောင်းလွန်ပြီး ထုတ်ပေးလိုက်တဲ့ နားကြပ်လို့ ပြောမယ်ဆိုလည်း ပြောလို့ရတယ်။ ဒီဇိုင်းပိုင်း၊ Feature ပိုင်းတွေက ပြီးခဲ့တဲ့ နှစ်တုန်းက ထွက်ခဲ့တဲ့ Galaxy Buds 2 ထက် အများကြီး ပိုမိုက်လာတယ်။ Pro ဗားရှင်း ဖြစ်သွားတယ်ဆိုတော့ စျေးလည်း ပိုမိုက်လာပါတယ်။

Sound Quality အပိုင်းမှာ 2-way Speaker ကိုမှ 24-bit Hi-Fi Audio support ရလာတာ၊ Active Noise Cancellation (ANC) ပိုကောင်းအောင် High SNR (Signal-to-Noise Ratio) Microphones ၃လုံးနဲ့ လုပ်ထားတာ၊ Voice Detection စနစ်ပါလာတာ၊ 360 Audio အပိုင်းမှာ Direct Multi-channel support ရလာတာ၊ Bluetooth Version 5.3 ကို သုံးပေးထားတာနဲ့ IPX7 Water Resistance ဖြစ်လာတာတွေက Galaxy Buds 2 မှာတုန်းက မရခဲ့တဲ့ Galaxy Buds 2 Pro ရဲ့ အားသာချက်တွေပါ။ နောက်ပြီး Galaxy Buds 2 Pro က Buds Pro ရဲ့ Size ထက် ၁၅% လောက်ပိုသေးသွားပြီး ဒီဇိုင်းလည်း အထာကျလာပါတယ်။

တစ်ခုရှိတာက အပေါ်မှာတုန်းက ပြောခဲ့တဲ့ Features တွေ အကုန်လုံး သုံးနိုင်ဖို့ ကိုယ့်မှာ Samsung ဖုန်း ရှိဖို့ လိုအပ်တာပါပဲ။ Samsung က ထုတ်တဲ့ နားကြပ်မို့ Non Samsung Device တွေနဲ့ တွဲသုံးမယ်ဆိုရင် တချိူ့ Feature တွေ သုံးလို့မရဘဲ Software Features Limitation ဖြစ်တဲ့ အားနည်းချက်တွေတော့ ရှိတယ်။ ဥပမာ – 24-bit Hi-Fi Audio ဆိုရင် OneUI 4.0 နဲ့အထက် သုံးထားတဲ့ Samsung ဖုန်းတွေနဲ့ပဲ သုံးလို့ရတာမျိူး၊ 360 Audio နဲ့ Head Tracking တွေဆိုရင် Non Samsung ဖုန်းတွေမှာ Support မလုပ်တာမျိူးတွေ ရှိပါတယ်။ အဲ့တော့ ကိုယ်က Samsung ဖုန်းကိုင်ထားတာ မဟုတ်ရင် Galaxy Buds 2 Pro ကို ဝယ်သုံးဖို့ မတန်ပါဘူး။

EarBuds တွေထည့်တဲ့နေရာရဲ့ Case Design က ပုံစံမကျသလို ခံစားရတယ်။ EarBuds တွေကို တခါတည်း ထည့်ရုံနဲ့ မပြီးဘဲ နေရာကျအောင် ပြန်ပြန်ချိန်ပေးနေရတာမျိူးတွေ ကြုံရတယ်။ Case အတွက် သုံးပေးထားတဲ့ Material က ပွန်းရာ၊ စင်းရာ ထင်လွယ်တယ်။

Galaxy Buds 2 Pro ရဲ့ Audio Quality နဲ့ ပတ်သက်ပြီး ထွေထွေထူးထူး သိပ်ပြောစရာမရှိပေမယ့် ANC နဲ့ Voice Detection အပိုင်းတွေကိုတော့ တော်တော်သဘောကျမိတယ်။ Audio Quality က ကြည်လင်ပြတ်သားတယ်၊ ကျယ်တယ်။ Ear Tips လေးတွေနဲ့ EarBuds က နားထဲမှာ အံဝင်ဂွင်ကျ Fit ဖြစ်နေတာကလည်း ANC အပိုင်းကို ကောင်းကောင်း အထောက်အကူဖြစ်စေတယ်။ ဒီဇိုင်းက နားမှာ အမြဲတပ်ထားရတာ Comfortable ဖြစ်စေသလို 5.5g ဆိုတဲ့ EarBuds ရဲ့ Weight ကလည်း နားကြပ်ကို အကြာကြီးတပ်ထားလေ့ ရှိတဲ့သူတွေအတွက်လည်း အဆင်ပြေစေတယ်။

ပြီးတော့ Voice Detect Feature ဆိုရင် သုံးရတာ တော်တော်အဆင်ပြေတယ်။ သူက ဘယ်လိုအလုပ်လုပ်လဲဆိုတော့ နားကြပ်တပ်ထားတဲ့အချိန်၊ သီချင်းနားထောင်နေတဲ့ အချိန်မျိူးတွေမှာ ကိုယ့်က ရုတ်တရက် စကားပြောလိုက်ပြီ ဆိုတာနဲ့ Ambient Sound Mode ကို Auto ပြောင်းပေးတယ်။ သီချင်းနားထောင်နေရင်း တန်းလန်းဆိုရင်လည်း Media Volume ကို Auto လျှော့ပြီး Ambient Sound Mode ပြောင်းပေးတယ်။ စကားသံမကြားရတော့ဘူးဆိုမှ ကိုယ်အရင်က သုံးနေတဲ့ ANC ဒါမှမဟုတ် Normal Mode အနေအထားကို Auto ပြန်ပြောင်းပေးတာပါ။ Samsung ရဲ့ Voice Detect feature က နားကြပ်တပ်ထားရင်း တစ်ယောက်ယောက်နဲ့ ရုတ်တရက် စကားပြောဖြစ်တဲ့အခါမျိူးတွေမှာ နားကြပ်ကို ဖြုတ်လိုက်ရတာမျိူး၊ Music ကို Pause လုပ်ရတာမျိူး ဒါမှမဟုတ် ANC ကနေ Ambient Sound Mode ကို Touch Control နဲ့ Manual ပြောင်းပေးရတာမျိူး၊ အဲ့ဒီလိုမျိူး ဒုက္ခတွေကနေ ကင်းဝေးစေပါတယ်။

Audiophile သမားတွေအတွက် Equalizer (EQ) မှာ Presets EQ တွေပဲ ရှိပြီး Custom Mode မပါတာတော့ သိပ်မမိုက်ဘူး။ Battery Life က ကျွန်တော့လို Movie လေးကြည့်၊ Music လေးနားထောင်လောက်ပဲ လုပ်ဖြစ်တဲ့သူအတွက်တော့ More than enough ပါပဲ။ ကျွန်တော် ၆နာရီကြာ ကားစီးရတဲ့ ခရီးထွက်တုန်းကလည်း တလမ်းလုံး သီချင်းနာထောင်ပြီး သွားတာပါ။ အဲ့ဒီတုန်းကလည်း ဒီ Galaxy Buds 2 Pro က ကျွန်တော့ကို စိတ်မပျက်စေခဲ့ပါဘူး။ ဒါပေမယ့် နားကြပ်တပ်ထားပြီး Ambient Sound Mode နဲ့ စကားပြောရတာတွေ အားမရလို့ နားကြပ်ဖြုတ်ပြီး စကားပြောခဲ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ Ambient Sound ကိုက ဆူသလိုလို ခံစားရလို့ပါ။ ဒီလောက်ပါပဲ။