Samsung က တရုတ်မှာ Galaxy C55 ကို ကြေညာလိုက်ပြီး အဲဒီဖုန်းဟာ Galaxy M55 နဲ့ များစွာ တူညီပါတယ်။ ဒါပေမယ့် Orange  နဲ့ Black အနောက်ဘက် အရောင်အသစ် ၂ မျိုး ပါလာပါတယ်။

Samsung Galaxy C55 goes official in China

Galaxy C55 မှာ 6.7” OLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ ထည့်သွင်းထားပါတယ်။  50MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာကို အနောက်ဘက်နဲ့ 50MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Samsung Galaxy C55 goes official in China

Snapdragon 7 Gen 1 Chipset မောင်းနှင်ထားပြီး 5,000mAh Battery ထည့်သွင်းထားပါတယ်။ 45W Wired Charging ထောက်ပံ့ထားတာက Galaxy S24 Ultra နဲ့ တူညီပြီး Galaxy S24 ထက် ပိုကောင်းနေပါတယ်။

Samsung Galaxy C55 မှာ 256GB Storage ပါလာပြီး 8GB နဲ့ 12GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ ၁,၉၉၉ ယွမ်နဲ့ ၂,၂၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ အဲဒီဖုန်းကို လက်ရှိမှာ အွန်လိုင်း ကနေ မရောင်းချသေးဘဲ တရုတ်မှာ Samsung Experience Store တွေကနေပဲ ဝယ်ယူနိုင်ပါသေးတယ်။

Ref : gsmarena