Samsung ဟာ အိန္ဒိယမှာ ဒီလအစောပိုင်းက Galaxy F41 ကို ကြေညာခဲ့ပါတယ်။ F Series ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာခဲ့ပြီး တကယ်တော့ F41 ဟာ ဖုန်း အသစ် မဟုတ်ဘဲ Galaxy M31 ကို နာမည်ပြောင်း ရောင်းချပေးလိုက်တာပါ။ Samsung ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း Series တွေကို တိုးချဲ့နေပါတယ်။ Galaxy A , M နဲ့ အခုတော့ F Series ထွက်လာပါပြီ။

Samsung to bring Galaxy F12 or F12s in India: leaks - TechnoSports

F Series ကတော့ ဒီလ အစောပိုင်းကမှ စထွက်တာ ဖြစ်ပြီး အိန္ဒိယမှာ မကြာခင် နောက်ထပ် မော်ဒယ် အသစ် ၁ လုံးကို တွေ့ရတော့မယ်လို့ ထင်ပါတယ်။ မော်ဒယ်နံပါတ်က SM-F127G ဖြစ်ပြီး Samsung ရဲ့ နာမည်ပေးတဲ့ ထုံးစံအတိုင်းဆိုရင် Galaxy F12 or F12s နာမည်နဲ့ ပွဲထွက်လာနိုင်ပါတယ်။

Samsung Galaxy F12 or Galaxy F12s may be the next F Series phone | Smartphones

အဲဒီ စမတ်ဖုန်းဟာ တန်ဖိုးနည်း အမျိုးအစား ဖြစ်နိုင်ပါတယ်။ Samsung ဟာ M Series စမတ်ဖုန်းတွေကို F Series နာမည်နဲ့ ဆက်လက် ရောင်းချမလား ဆိုတာတော့ မသိနိုင်သေးပါဘူး။ အဲဒီစတိုင်အတိုင်းလာမယ်ဆိုရင် နောက်ထွက်မယ့် F Series အသစ်ဟာ M21 ဖြစ်လာနိုင်ပါတယ်။

Galaxy F12/ F12s ရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ ဘာမှ မသိရသေးပါဘူး။ မော်ဒယ်နံပါတ်ကိုပဲ သိရသေးပြီး ပထမဆုံး သတင်းတွေ စတင် ပေါက်ကြားလာပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာ သေချာပါတယ်။

Ref : gsmarena