Samsung ဟာ Galaxy F13 ကို အိန္ဒိယဈေးကွက်မှာ တရားဝင် မိတ်ဆက်ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ ဒီဖုန်းဟာ ကြီးမားတဲ့ ဘက်ထရီအဖြစ် 6,000mAh ပမာဏကို ယူဆောင်လာပါတယ်။ Galaxy F13 ဟာ Galaxy M13 နဲ့ ခြားနားနေတဲ့အချက်က ပိုကြီးတဲ့ဘက်ထရီအတွက် ပိုထူတဲ့ကိုယ်ထည်ဖြစ်နေတာပါပဲ။

Samsung Galaxy F13 ဟာ Exynos 850 chipset နဲ့မောင်းနှင်ပြီး 4GB of RAM ကို တွဲဖက်ပေးထားပါတယ်။ သိုလှောင်မှုပိုင်းမှာတော့ ရွေးချယ်စရာအဖြစ် နှစ်မျိုးရှိပြီး 1TB အထိ ထပ်တိုးအသုံးပြုနိုင်ဖို့ အထူးသီးသန့် microSD ပေါက်တစ်ခုလည်း ပါရှိပါသေးတယ်။

မျက်နှာပြင်က 6.6-inch LCD ဖြစ်ပြီး Full HD+ resolution ဖြစ်ပါတယ်။ Infinity-V notch ထဲမှာ 8MP sensor နဲ့ Selfie ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ 50MP အဓိကကင်မရာ၊ 5MP ultra wide နဲ့ 2MP depth sensor တို့ ပါဝင်ပါတယ်။ စတုဂံပုံစ့ ကျွန်းပေါ်မှာ LED flash တစ်ခုလည်း ပါရှိပါသေးတယ်။

ကြီးမားတဲ့ဘက်ထရီအတွက် ထောက်ပံ့ပေးထားတဲ့ အားသွင်းနှုန်းက 15W အမြန်အားသွင်းစနစ်ဖြစ်နေတာတော့ ဝမ်းနည်းစရာပါပဲ။ Galaxy F13 ဟာ SIM နှစ်ခုထည့်သွင်းအသုံးပြုနိုင်ပြီး ကတ်တစ်ခုက နောက်တစ်ခုကို အလိုအလျောက် ဒေတာကူးပြောင်းနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ဈေးချိုတဲ့ဖုန်းအတွက် ပထမဆုံးထည့်သွင်းပေးလိုက်ခြင်းလို့လည်း ဆိုပါတယ်။

Android 12 အခြေခံ One UI နဲ့ထွက်လာမှာဖြစ်ပြီး Lock ဖွင့်ဖို့အတွက်အသုံးပြုတဲ့ Face, fingerprint အပါအဝင် Personal data တွေကို Samsung Knox Security protection ပေးထားမယ်လို့ သိရပါတယ်။ အရောင်အားဖြင့် Waterfall Blue, Nightsky Green နဲ့ Sunrise Copper ဆိုပြီး သုံးမျိုးရှိပါတယ။ 64GB ဗားရှင်းက $155 (၂ သိန်း ၉ သောင်းဝန်းကျင်) ဖြစ်ပြီး 128GB ဗားရှင်းက $167 (၃ သိန်း ၁ သောင်းဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena