Samsung က အိန္ဒိယမှာ Galaxy F16 5G ကို ကြေညာလိုက်ပါတယ်။ ထူးခြားတာက နောက်ဆုံးထုတ် One UI 7 ထည့်သွင်းပေးထားတဲ့အပြင် Android OS Update ကို ၆ နှစ် ရရှိမှာ ဖြစ်ပါတယ်။

Galaxy F16 5G မှာ 6.7” AMOLED Display တပ်ဆင်ထားပြီး U-Shape Notch ပါလာပါတယ်။ FHD+ Resolution ထောက်ပံ့ထားပြီး 90Hz Refresh Rate , 800 Nits Peak Brightness ပါလာပါတယ်။ Android 15 အခြေပြု One UI 7 ထည့်သွင်းထားပါတယ်။ Android OS Update ၆ နှစ်နဲ့ Security Update ၆ နှစ် ရရှိမှာ ဖြစ်ပါတယ်။

Samsung Galaxy F16 5G - Bling Black

Dimensity 6300 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage အထိ ထည့်သွင်းထားပါတယ်။ 25W Fast Charging ပါတဲ့ 5,000mAh Battery ပါလာပါတယ်။

ကင်မရာ အကြောင်းပြောရရင် အရှေ့ဘက်မှာ 13MP နဲ့ အနောက်ဘက်မှာ 50MP Main , 5MP Ultrawide , 2MP Macro တွေ တပ်ထားပါတယ်။ လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။

Galaxy F16 ကို Flipkart မှာ ၁၁,၄၉၉ ရူပီး သတ်မှတ်ထားပြီး ၁၃၂ ဒေါ်လာဝန်းကျင် တန်ကြေး ရှိပါတယ်။

Ref : Gizmochina