Samsung ဟာ India နိုင်ငံမှာ Galaxy F16 5G ရဲ့ နောက်မျိုးဆက်သစ်ဖြစ်တဲ့ Galaxy F17 5G ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဖုန်းအသစ်ဟာ ပိုမိုပါးလွှာပေါ့ပါးတဲ့ ကိုယ်ထည်၊ ဒီဇိုင်းအသစ်နဲ့ ကင်မရာ၊ Gorilla Glass Victus ကာကွယ်မှုနဲ့ Samsung ရဲ့ကိုယ်ပိုင် Exynos ပရိုဆက်ဆာတို့နဲ့ ထွက်ရှိလာတာပါ။ Display အရွယ်အစား၊ ဘက်ထရီနဲ့ ကင်မရာပိုင်းမှာတော့ အရင်မော်ဒယ်အတိုင်းပဲ ဆက်လက်သုံးစွဲထားပါတယ်။

Samsung Galaxy A17 5G

Galaxy F17 5G မှာ 6.7 လက်မ FHD+ Infinity-U Super AMOLED display ကို သုံးထားပြီး 90Hz refresh rate ပါဝင်ပါတယ်။ Display ကို Corning Gorilla Glass Victus နဲ့ ကာကွယ်ပေးထားပါတယ်။ F16 5G မှာသုံးခဲ့တဲ့ MediaTek Dimensity 6300 အစား Exynos 1330 5nm ပရိုဆက်ဆာနဲ့ Mali-G68 MP2 GPU ကို ပြောင်းလဲအသုံးပြုထားပါတယ်။ RAM 4GB ဒါမှမဟုတ် 6GB နဲ့ storage 128GB ပါဝင်ပြီး microSD card နဲ့ 2TB အထိ တိုးချဲ့နိုင်ပါတယ်။ SIM ကတ်အတွက်တော့ hybrid dual SIM slot ကို သုံးထားပါတယ်။

Samsung Launches Galaxy F17 5G In India With FHD+ AMOLED Display: Check  Details - Tech

ကျောဘက်ကင်မရာအနေနဲ့ OIS ပါဝင်တဲ့ 50MP ပင်မကင်မရာ၊ 5MP ultra-wide ကင်မရာနဲ့ 2MP macro ကင်မရာတို့ ပါဝင်ပါတယ်။ ရှေ့ဘက်မှာတော့ 13MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Android 15 ကို အခြေခံထားတဲ့ One UI 7 နဲ့ ထွက်ရှိလာပြီး OS update ၆ ကြိမ်နဲ့ လုံခြုံရေး update ၆ နှစ်အထိ ပေးသွားမှာ ဖြစ်ပါတယ်။

ဘက်ထရီကတော့ 5000mAh ဖြစ်ပြီး 25W အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းမှာ ဘေးဘက်လက်ဗွေရာစနစ်၊ အောက်ခြေစပီကာ၊ USB Type-C audio နဲ့ NFC တို့လည်း ပါဝင်ပါတယ်။ ဆက်သွယ်မှုအနေနဲ့ dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz and 5GHz), Bluetooth 5.3, GPS, GLONASS နဲ့ USB Type-C တို့ ပါဝင်ပါတယ်။ ဖုန်နဲ့ ရေစိုဒဏ်ကိုခံနိုင်တဲ့ IP54 အဆင့် သတ်မှတ်ချက်လည်း ရရှိထားပါတယ်။ ဖုန်းရဲ့အရွယ်အစားက 164.4 x 77.9 x 7.5mm ဖြစ်ပြီး အလေးချိန်က 192g ရှိပါတယ်။

Galaxy F17 5G ရဲ့ 4GB + 128GB မော်ဒယ်ကို ရူပီး ၁၄,၄၉၉ နဲ့ 6GB + 128GB မော်ဒယ်ကို ရူပီး ၁၅,၉၉၉ ဈေးနှုန်းတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Violet Pop နဲ့ Neo Black ဆိုပြီး အရောင်နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ ဒီနေ့ကစပြီး အရောင်းဆိုင်တွေ၊ Samsung.com နဲ့ Flipkart တို့မှာ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

Ref : gizmochina