Samsung Galaxy F23 နဲ့ပတ်သက်တဲ့သတင်းတွေက လွန်ခဲ့တဲ့ တစ်လထက်မနည်းကတည်းက ထွက်ပေါ်နေခဲ့တာပါ။ အခုတော့ Galaxy F23 ကို ဈေးကွက်ထဲပို့ဆောင်မဲ့ရက်က ရက်ပိုင်းသာလိုတော့တာဖြစ်ပါတယ်။ ဒီသတင်းကို Flipkart ကို ကိုးကားပြီး GSMArena က ဖော်ပြထားတာပါ။

Samsung Galaxy F23 ဟာ Snapdragon 750G ကိုအသုံးပြုထားပြီး လာမဲ့ မတ်လ ၈ ရက်နေ့မှာ စတင်ရောင်းချတော့မယ်လို့ Flipkart မှာ ဖော်ပြထားတာကိုတွေ့မြင်ရပါတယ်။ ဒါပေမဲ့ Galaxy F23 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်အပြည့်အစုံကိုတော့ မတ်လ ၈ ရက်နေ့မှပဲ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Samsung Galaxy F23 နဲ့ပတ်သက်တဲ့ အချက်အလက်အတော်များများကတော့ ယိုစိမ့်ပေါက်ကြားမှုတွေကြောင့် သိရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ဟန်းဆက်ရဲ့ ကျောဘက်မှာ ကင်မရာသုံးလုံးပါရှိပြီး အရှေ့ဘက်မျက်နှာပြင်မှာတော့ Waterdrop notch နဲ့အတူ Selfie shooter ကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။

မျက်နှာပြင်ဟာ Full HD+ resolution ရှိပြီး 120Hz refresh rate လည်း ရရှိမယ်လို့ သိရပါတယ်။ Gorilla Glass 5 ကာကွယ်မှုပါဝင်တဲ့ ပထမဆုံး F-series ဖုန်းဖြစ်လာမယ်လို့လည်း Samsung က ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ Galaxy F23 ရဲ့အောက်ခြေမှာ 3.5mm audio jack ပါရှိပြီး ညာဘက်ဘေးမှာ မိုက်ခရိုဖုန်း၊ USB-C prot နဲ့ speaker grille တို့ ပါရှိမှာ ဖြစ်ပါတယ်။

Ref: GSM Arena