Samsung Galaxy M54 ကို ဧပြီလကတည်းက ကြေညာခဲ့တာ ဖြစ်ပြီး အခုတော့ အဲဒီဖုန်းကို အိန္ဒိယမှာ Galaxy F54 အမည်နဲ့ မိတ်ဆက်လိုက်ပါတယ်။ နာမည်ပြောင်းသွားပေမယ့် ဟာ့ဒ်ဝဲအားလုံးက တူညီကြပါတယ်။ ဒါပေမယ့် အနည်းငယ်ကွဲပြားတဲ့ အရောင် ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။

The Galaxy F54 5G will be the first in the F series to get four Android OS upgrades - SamMobile

Galaxy F54 ကို Samsung.com နဲ့ Flipkart ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မြေပြင်စတိုးတွေကနေလည်း ရောင်းချပေးလိုက်ပါပြီ။ 8/256GB Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ရူပီး ၃၀,၀၀၀ (၃၆၃ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Galaxy F54 မှာ 6.7” AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး  FHD+ Resolution ထောက်ပံ့ထားပါတယ်။ 120Hz Refresh Rate ပါလာတဲ့အတွက် Content တွေကို ချောချောမွတ်မွတ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။  အရွယ်ကြီး 6,000mAh Battery ပါလာတဲ့အတွက် ဘက်ထရီ သက်တမ်းက ၂ ရက်၊ ၃ ရက်လောက် အသုံးခံပါတယ်။

Samsung Galaxy F54 5G Launched In India With Exynos 1380 Chipset Under Rs 30k; Check Specifications, Price Here

Exynos 1380 Chipset မောင်းနှင်ထားပြီး အနောက်ဘက်မှာ 108MP Main, (OIS), 8MP Ultrawide ပါလာကာ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ Dual-SIM 5G ဖုန်း ဖြစ်ပြီး USB-C Port ပါပါတယ်။

Samsung က Galaxy F54 အတွက် OS Update ၄ ခု နဲ့ Security Patch ကို ၅ နှစ်ကြာပေးမှာပါ။

Ref : gsmarena