Samsung က Galaxy F56 ကို ကြေညာလိုက်ပြီး အထူက ၇.၂ မီလီမီတာပဲ ရှိကာ F-Series ဖုန်းတွေထဲမှာ အပါးလွှာဆုံး ဖြစ်ပါတယ်။

Samsung Galaxy F56 in Violet

Samsung Galaxy F56 မှာ 6.7” OLED Display , 1080p+ 120Hz Panel , Gorilla Glass Victus+ နဲ့ 1,200 Nits High Brightness Mode ပါလာပါတယ်။ အရင်မျိုးဆက် Exynos 1480 Chip ထည့်သွင်းထားပြီး 8GB LPDDR5X RAM နဲ့ 128GB or 256GB Storage ပါလာပါတယ်။ Android 15 အခြေပြု One UI 7 မောင်းနှင်ထားပြီး အဓိက OS Update ၆ ကြိမ်ရရှိမှာပါ။ Chipset ကို စွမ်းရည်မြင့် Vapor Chamber နဲ့ အေးမြအောင် ပြုလုပ်ထားပါတယ်။

Samsung Galaxy F56 in Green

45W Wired Charging ပါတဲ့ 5,000mAh Battery ထည့်သွင်းထားပြီး အနောက်ဘက်ကိုလည်း Victus+ နဲ့ ကာကွယ်ထားပါတယ်။ ဖရိမ်က ပလတ်စတစ် ဖြစ်ပြီး ကင်မရာ Island က သတ္တု ဖြစ်ပါတယ်။

အနောက်ဘက်မှာ 4K 30fps Video ရိုက်ကူးနိုင်တဲ့ 50MP OIS ကင်မရာ တပ်ဆင်ထားပြီး Portrait 2.0 ဓါတ်ပုံ ရိုက်ကူးနိုင်ပါတယ်။ Object Eraser နဲ့ Edit Suggestion လို Galaxy AI Feature တွေလည်း ပါလာပါတယ်။ အရှေ့ ကင်မရာက 12MP ဖြစ်ပါတယ်။

Samsung Galaxy F56 ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပြီး 8/128GB ကို ၂၆,၀၀၀ ရူပီးနဲ့ 8/256GB ကို ၂၉,၀၀၀ ရူပီး သတ်မှတ်ထားပါတယ်။ ၃၀၀ နဲ့ ၃၃၆ ဒေါ်လာ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : Gsmarena