ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Samsung ကနေ India နိုင်ငံရဲ့ Flipkart Online Shopping Exclusive စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy F41 ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Galaxy F41 ဖုန်းဟာ Galaxy F Series ဖုန်းတွေထဲမှာ ပထမဆုံးစမတ်ဖုန်းလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ နောက်ထပ် Galaxy F Series စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းကိုတော့ Galaxy F62 လို့ နာမည်ပေးထားပြီးတော့ Galaxy F41 အတိုင်း India နိုင်ငံမှာပဲ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Galaxy F62 ရဲ့ Model Number ကတော့ SM-E625F ဖြစ်တယ်လို့ သိရပြီး နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ishan Agarwal ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိ Samsung ကနေရောင်းချနေတဲ့ Galaxy M51 စမတ်ဖုန်းနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ မတိမ်းမယိမ်းရှိမယ်လို့လည်း သိရပါတယ်။

နောက်ထပ် Geekbench မှာ ပေါက်ကြားခဲ့တဲ့သတင်းအရ Galaxy F62 စမတ်ဖုန်းဟာ Exynos 9825 Chipset ကို အသုံးပြုထားပြီး RAM 6GB ပါဝင်တာကိုတွေ့ရပါတယ်။ ထူးဆန်းတာတစ်ခုကတော့ Android 11 ကို အခြေခံထားတဲ့အတွက် OneUI 3.0 နဲ့ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ Samsung ကနေ ဒီလိုမျိုး Galaxy F62 စမတ်ဖုန်းအသစ်ကို လာမယ့်နှစ်ဇန်နဝါရီလ Galaxy S21 Series စမတ်ဖုန်းတွေမိတ်ဆက်ပြီးမှပဲ တရားဝင်မိတ်ဆက်သွားဖို့ များနေပါတယ်။

Ref – Gizmo China