Samsung Galaxy F62 နဲ့ Galaxy M02 တို့ရဲ့ သတင်းတွေက အတော်များများစားစားကို ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း မသိရသေးတာက Galaxy F62 အနေနဲ့၊ ဒါမှမဟုတ် Galaxy E62 အနေနဲ့ ဘယ်လိုဖြန့်ချိမှာလဲဆိုတာပါပဲ။


ဒါပေမယ့် Samsung India ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က Supports page တွေမှာတော့ ဒီဟန်းဆက်တွေနဲ့ ပတ်သက်ပြီး သတင်းအစအနကို မြင်တွေ့လာရပါပြီ။ ဒါကြောင့် ဒီဟန်းဆက်တွေကို မိတ်ဆက်ဖြန့်ချိမယ့်ရက်က အတော်လေးကို နီးကပ်နေပြီဆိုတာ သိသာလာပါပြီ။

Galaxy F62/E62 ရဲ့ Support စာမျက်နှာမှာ မော်ဒယ်နံပါတ် SM-E625F/DS နဲ့တွေ့မြင်ရပါတယ်။ အခြားတစ်ဖက်မှာတော့ Galaxy M02 ရဲ့ Support စာမျက်နှာမှာ မော်ဒယ်နံပါတ် SM-022G/DS နဲ့ တွေ့မြင်လာရပါတယ်။ Support စာမျက်နှာတွေက အသေးစိတ်အချက်အလက်တွေကို မဖော်ပြပေမယ့် ဟန်းဆက်နှစ်မျိုးစလုံးဟာ Dual-SIM ထောက်ပံ့ပေးမယ်လို့ သိနိုင်ပါတယ်။

Geekbench က တစ်ဆင့်သိရတဲ့ Galaxy F62 ရဲ့အချက်အလက်တွေကတော့၊ ဒီဟန်းဆက်ဟာ Exynos 9825 chipset ကို 6GB of RAM နဲ့ တွဲဖက်ထားပြီး Android 11 မောင်းနှင်ထားတာကို ဖော်ပြနေပါတယ်။ ဟန်းဆက်တွေဟာ Bureau of Indian Standards (BIS) certificated တွေကို ရရှိပြီးသားလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရက်သတ္တပတ်က ပေါက်ကြားထွက်ပေါ်လာတဲ့ Galaxy F62 ရဲ့ Panel အရ ဒီဟန်းဆက်ဟာ AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး In-screen fingerprint scanner ပါဝင်လာမယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ ကင်မရာလေးလုံးနဲ့၊ USB-C prot, 3.5mm audio jack တွေကိုလည်း ထောက်ပံ့ပေးထားမယ်လို့ သိထားရပါတယ်။

Galaxy M02 ကတော့ Snapdragon 450 chipset နဲ့ 3GB of RAM ကို တွဲဖက်ထားတဲ့ ဟန်းဆက်ဖြစ်ပါတယ်။ Infinity-v notch 5.71-inch မျက်နှာပြင်နဲ့ HD+ resolution ထောက်ပံ့ထားမယ်လို့လည်း သိရပါတယ်။ 13MP+2MP ကင်မရာတွေကို တပ်ဆင်ထားပြီး Android 10 မောင်းနှင်ထားမယ်လို့ ဆိုပါတယ်။ LTE, 2.4GHz Wi-Fi နဲ့ Bluetooth 4.2 ချိတ်ဆက်မှုတွေကိုလည်း ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

Ref: Gizmochina