Samsung က Galaxy Fit3 ကို ကြေညာလိုက်ပြီး ကြီးမားတဲ့မျက်နှာပြင်နဲ့ ကြာရှည်တဲ့ ဘက်ထရီ သက်တမ်း ပါပါတယ်။ နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။

Samsung Galaxy Fit3 debuts with big screen, 13-day battery life - GSMArena.com news

Fit3 မှာ 1.6” AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး အရင်မျိုးဆက်ထက် ၄၅ ရာခိုင်နှုန်းပိုကြီးလာပါတယ်။ ညာဘက်ခြမ်းမှာ ခလုတ် ၁ ခုထဲ တပ်ဆင်ထားပြီး အားနည်းချက်က ကြိုးမဲ့ အားသွင်းစနစ် မပါလာပါဘူး။

Fit3 ဟာ Fall Detection နဲ့ Emergency SOS ပါတဲ့ အဲဒီ Series ထဲက ပထမဆုံး Device ဖြစ်ပြီး ခလုတ်ကို ၅ ကြိမ်နှိပ်ရင် Emergency SOS ကို အသုံးပြုနိုင်ပါတယ်။ အဲဒီလိုလုပ်ရင် သင့် တည်နေရာကို သင် သတ်မှတ်ထားတဲ့ Emergency Contacts တွေထံ ပေးပို့မှာပါ။

Samsung က Galaxy Fit3 ရဲ့ 208mAh Battery ကို အားအပြည့်သွင်းထားရင် ၁၃ ရက် အသုံးခံတယ်လို့ ပြောပါတယ်။ Wear OS နဲ့ တခြား လေးလံတဲ့ Interface တွေ မပါဘဲ Mini Apps , Calendar, Weather, World Clock နဲ့ Sports Tracking ပါပါတယ်။

Samsung Galaxy Fit3 debuts with big screen, 13-day battery life - GSMArena.com news

Fit3 မှာ Workout အမျိုးအစား ၁၀၀ ကျော် ပါလာပေမယ့် GPS မပါပါဘူး။ အဲဒီအတွက် Activity လုပ်ရင် စမတ်ဖုန်းနဲ့ တွဲသုံးမှ ပိုကောင်းတဲ့ Tracking ကို ရမှာပါ။ Fit3 က အိပ်စက်မှု Pattern ၊ ခြေလှမ်းနဲ့ စိတ်ဖိစီးမှုတွေကို တိုင်းတာပေးနိုင်ပြီး ဒေတာတွေကို Samsung Health App မှာ ပြသပေးပါတယ်။

Galaxy Fit3 အတွက် Gray, Pink Gold နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Samsung က Fit3 ကို အာရှ၊ ဥရောပ၊ အမေရိက အလယ်ပိုင်းနဲ့ တောင်အမေရိကမှာ အရင်ဆုံးရောင်းမှာ ဖြစ်ပြီး အမေရိကန်နဲ့ ကိုရီးယားမှာ နောက်ပိုင်း ရောင်းမှာပါ။

Ref : gsmarena