Samsung ဟာ ဩဂုတ်လ ၅ ရက် Note20 Series မိတ်ဆက်ပွဲမှာ Galaxy Fold 2 ကိုပါ ချပြမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် Fold 2 ကို ကြေညာပြီးတာနဲ့ ချက်ချင်း ရောင်းချနိုင်မှာ မဟုတ်ပါဘူး။ Fold 2 ရဲ့ Software ဟာ ပထမဆုံး Version အဆင့်တောင် မရသေးတဲ့အတွက် Final Version ရဖို့ဆို အချိန်နည်းနည်း ကြာဦးမှာပါ။

Fold 2 ကို ဩဂုတ်လမှာ စတင် ထုတ်လုပ်မယ်လို့ တခြား သတင်းအရင်းအမြစ် ၁ ခုက ဆိုပါတယ်။ ဇူလိုင်လမှာ စတင် ထုတ်လုပ်မှာ မဟုတ်ဘဲ ဩဂုတ်လကျမှ နည်းနည်း စထုတ်မှာပါ။ အဲဒီအတွက် ဩဂုတ်လ နှောင်းပိုင်း ဒါမှမဟုတ် စက်တင်ဘာလကျမှ စတိုးတွေပေါ် ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ အလုံးရေ အကန့်အသတ်နဲ့ပဲ ရောင်းချနိုင်ပါတယ်။

Fold 2 ရဲ့  Foldable မျက်နှာပြင် အထက်မှာ သုံးထားမယ့် Ultra-Thin Glass (UTG) ကို လုံလုံလောက်လောက် မထုတ်နိုင်တဲ့အတွက် Fold 2 ကို အကန့်အသတ်နဲ့ ရောင်းချမှာပါ။ UTG ကို Galaxy Z Flip မှာ အရင်ဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Galaxy Fold 2 ဟာ အရင်မျိုးဆက်ထက် ဈေးချိုမယ်လို့ ထင်ရပြီး အတွင်းနဲ့ အပြင်ဘက် မျက်နှာပြင်က ပိုကြီးမှာပါ။ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 5G ထောက်ပံ့ထားမှာပါ။ 4,500mAh ဘက်ထရီကို ၂ ပိုင်းခွဲထားမှာဖြစ်ပြီး ရေစိုခံ စွမ်းရည် ပါလာမှာပါ။

Ref : gsmarena