[Unicode]

Samsung ဟာ သူတို့ရဲ့ ဒုတိယမြောက် Foldable ဖုန်းဖြစ်တဲ့ Galaxy Z Flip ကို လာမယ့်ဖေဖော်ဝါရီလ ၁၁ ရက်နေ့ Event မှာကြေညာဖို့ ပြင်ဆင်နေပါတယ်။ ဒီပွဲဟာ Galaxy S20 စီးရီးအတွက်ဆိုပေမယ့် Galaxy Z Flip ကိုလည်း တစ်ပါတည်းပွဲထုတ်သွားမယ်လို့ သတင်းကြီးနေတာပါ။

Galaxy Fold 2 ဟာ Galaxy Z Flip နဲ့မတူဘဲ ရှေ့ကထွက်ခဲ့တဲ့ Galaxy Fold ကို တိုက်ရိုက်ဆက်ခံမယ့် ပုံစံပါ။ အစောပိုင်းထွက်ထားတဲ့ ကောလာဟလတွေမှာတော့ Galaxy Fold 2 မှာ 8-inch အရွယ်အစားမျက်နှာပြင်ကိုတပ်ဆင်ထားပြီး 108MP အဓိကကင်မရာ တပ်ဆင်ထားမယ်လို့ ဖော်ပြထားကြပါတယ်။

Galaxy Fold 2 နဲ့ပတ်သက်ပြီး Highlight ဖြစ်နေတာက Ultra-Thin Glass (UTG) ပါ။ Ultra-Thin Glass က ပြီးခဲ့တဲ့ Galaxy Z Flip အကြောင်းပြောတုန်းကတည်းက Hot ဖြစ်နေတာပါ။ ပလတ်စတစ်ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မျက်နှာပြင်မဟုတ်လို့ ပိုပြန့်ပြူးပြီး တွန့်ကြောင်းတွေလည်းနည်းပါးသလို၊ ပိုပြီးတော့လည်း အကြမ်းခံနိုင်ပါတယ်။

ဒါ့အပြင် ဒီ Galaxy Fold 2 ဟာ Snapdragon 865 chipset ကို အသုံးပြုထားပြီး 5G လည်း ထောက်ပံ့နိုင်မယ်လို့ ဆိုပါတယ်။ Samsung နဲ့ပတ်သက်ပြီး ပေါက်ကြားသတင်းတွေအများကြီး ထုတ်ပေးလေ့ရှိတဲ့ XDA Developers Max Max Weinbach ကတော့ Galaxy Fold 2 ကို ဒီနှစ်ရဲ့ ဒုတိယသုံးလပတ်အတွင်း တစ်ချိန်ချိန်မှာ မိတ်ဆက်ပေးဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အခုအချိန်အထိတော့ Galaxy Fold 2 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ထွက်မလာသေးအတွက် စောင့်ဆိုင်းရဦးမှာပါ။

Ref: GSM Arena

[Zawgyi]

Samsung Galaxy Fold 2 ကို ဒုတိယသုံးလပတ္အတြင္း မိတ္ဆက္ဖြယ္ရွိေၾကာင္း သတင္းထြက္ေပၚလာ

Samsung ဟာ သူတို႔ရဲ႕ ဒုတိယေျမာက္ Foldable ဖုန္းျဖစ္တဲ့ Galaxy Z Flip ကို လာမယ့္ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ Event မွာေၾကညာဖို႔ ျပင္ဆင္ေနပါတယ္။ ဒီပြဲဟာ Galaxy S20 စီးရီးအတြက္ဆိုေပမယ့္ Galaxy Z Flip ကိုလည္း တစ္ပါတည္းပြဲထုတ္သြားမယ္လို႔ သတင္းႀကီးေနတာပါ။

Galaxy Fold 2 ဟာ Galaxy Z Flip နဲ႔မတူဘဲ ေရွ႕ကထြက္ခဲ့တဲ့ Galaxy Fold ကို တိုက္႐ိုက္ဆက္ခံမယ့္ ပုံစံပါ။ အေစာပိုင္းထြက္ထားတဲ့ ေကာလာဟလေတြမွာေတာ့ Galaxy Fold 2 မွာ 8-inch အ႐ြယ္အစားမ်က္ႏွာျပင္ကိုတပ္ဆင္ထားၿပီး 108MP အဓိကကင္မရာ တပ္ဆင္ထားမယ္လို႔ ေဖာ္ျပထားၾကပါတယ္။

Galaxy Fold 2 နဲ႔ပတ္သက္ၿပီး Highlight ျဖစ္ေနတာက Ultra-Thin Glass (UTG) ပါ။ Ultra-Thin Glass က ၿပီးခဲ့တဲ့ Galaxy Z Flip အေၾကာင္းေျပာတုန္းကတည္းက Hot ျဖစ္ေနတာပါ။ ပလတ္စတစ္ပစၥည္းေတြနဲ႔ ဖြဲ႕စည္းထားတဲ့ မ်က္ႏွာျပင္မဟုတ္လို႔ ပိုျပန႔္ျပဴးၿပီး တြန႔္ေၾကာင္းေတြလည္းနည္းပါးသလို၊ ပိုၿပီးေတာ့လည္း အၾကမ္းခံႏိုင္ပါတယ္။

ဒါ့အျပင္ ဒီ Galaxy Fold 2 ဟာ Snapdragon 865 chipset ကို အသုံးျပဳထားၿပီး 5G လည္း ေထာက္ပံ့ႏိုင္မယ္လို႔ ဆိုပါတယ္။ Samsung နဲ႔ပတ္သက္ၿပီး ေပါက္ၾကားသတင္းေတြအမ်ားႀကီး ထုတ္ေပးေလ့ရွိတဲ့ XDA Developers Max Max Weinbach ကေတာ့ Galaxy Fold 2 ကို ဒီႏွစ္ရဲ႕ ဒုတိယသုံးလပတ္အတြင္း တစ္ခ်ိန္ခ်ိန္မွာ မိတ္ဆက္ေပးဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ အခုအခ်ိန္အထိေတာ့ Galaxy Fold 2 နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြ ထြက္မလာေသးအတြက္ ေစာင့္ဆိုင္းရဦးမွာပါ။

Ref: GSM Arena