Samsung Galaxy Fold 2 ရဲ့ သတင်းတွေ နေ့တိုင်းလိုလို ထွက်နေပါတယ်။ မနေ့ကပဲ Samsung Galaxy Fold 2 မှာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Fold 2 မှာ Galaxy Note ရဲ့ အလန်းစား အစိတ်အပိုင်း ဖြစ်တဲ့ S Pen ပါလာမယ်လို့ သိရပါတယ်။

Fold 2 ကို ဖြန့်ထားရင် ၇.၇ လက်မ မျက်နှာပြင်ကို သုံးနိုင်မှာ ဖြစ်ပြီး Galaxy Note10+ ထက် ၁ လက်မ ပိုကြီးမှာပါ။ ဒီလို အရွယ်ကြီး မျက်နှာပြင်မှာ S Pen ပါလာမယ်ဆိုတာ တော်တော် မိုက်ပါတယ်။ S Pen အသစ် ပါလာမှာ ဖြစ်ပြီး Fold 2 ရဲ့ မျက်နှာပြင် မထိခိုက်အောင် S Pen ကို ဒီဇိုင်းပြောင်းလဲထားတာ ဖြစ်နိုင်ပါတယ်။ မူလ Fold မှာလို ပလတ်စတစ်ပဲသုံးထားမလား ၊ UTG မျက်နှာပြင် သုံးထားမလား ဆိုတာ မသိရသေးပါဘူး။

Fold 2 မှာ S20+ ရဲ့ 12MP Main , 64MP Telephoto, 12MP Ultrawide နဲ့ 3D ToF Sensor တွေ သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။ အပြင်ဘက် မျက်နှာပြင်မှာ Infinity-V Panel ပါမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းပြီး Notch က အရွယ်အစား သေးငယ်တဲ့ ဒီဇိုင်း ဖြစ်မှာပါ။ ပင်မ မျက်နှာပြင်မှာ Punch-hole Design ဒါမှမဟုတ် Under-screen ကင်မရာကို သုံးထားနိုင်ပါတယ်။ Stainless Steel လို အရည်အသွေးမြင့် ပစ္စည်းတွေကို သုံးထားနိုင်ပြီး Blue, Silver, Gold, Pink နဲ့ Black အရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gsmarena