Unicode

Samsung ကနေ အခုလက်ရှိကျင်းပနေတဲ့ CES 2020 Event မှာ Partner အချို့အပြင် Network Carrier တွေပါဝင်တဲ့ လျှို့ဝှက်တွေ့ဆုံပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲတွေမှာ လက်ရှိမမိတ်ဆက်ရသေးတဲ့ စမတ်ဖုန်းနဲ့ တခြားသော Product တွေကိုပါ Showcase ပြသခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ပြုလုပ်တာက Samsung အတွက်တော့ ပုံမှန်လို့ပြောလို့ရပေမယ့် ဒီတစ်ကြိမ်မှာ Samsung CEO DJ Koh ကနေ Galaxy Fold 2 လို့ ယူဆရတဲ့ Foldable Phone အသစ်ရဲ့ နာမည်ကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါကတော့ Galaxy Bloom ဆိုတဲ့ နာမည်အသစ်နဲ့ ခေါ်ဆိုလာမှာပဲဖြစ်ပါတယ်။

ဒီသတင်းက အခုလိုမျိုး လျှို့ဝှက်တွေ့ဆုံပွဲတစ်ခုမှာ DJ Koh ပြသခဲ့တဲ့ Slide ကို ဓါတ်ပုံရိုက်ယူထားခဲ့တဲ့ ပုံအရသိရှိခဲ့ရတာဖြစ်ပြီး ကျိန်းသေသလောက်ကို ဖြစ်နေပါပြီ။ Samsung ကနေ အခု Galaxy Bloom Foldable Phone အသစ်ကို အသက် ၂၀ ဝန်းကျင် မိန်းကလေးတွေကို အဓိကအာရုံစိုက်ပြီး ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

ဒီ Galaxy Fold 2 တဖြစ်လဲ Galaxy Boom 2 ဟာ Ultra-thin Glass Display ကိုအသုံးပြုလာမယ့်အပြင် Samsung ဖုန်းတွေထဲမှာ 8K Video Recording ကို ရိုက်ကူးနိုင်မယ့် ပထမဆုံးဖုန်းလည်းဖြစ်လာမှာပါ။ 5G Version အပြင် ပုံမှန် 4G Version ကိုလည်း ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

အခုသတင်းအပြင် DJ Koh ကနေ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမယ့် Galaxy Unpacked Event မှာ Galaxy S11 မဟုတ်ဘဲ Galaxy S20 Series နာမည်နဲ့ပဲ မိတ်ဆက်သွားမယ်ဆိုတာကိုလည်း အတည်ပြုသွားခဲ့ပါတယ်။

Ref – GSM Arena

Zawgyi

Samsung ကေန အခုလက္ရွိက်င္းပေနတဲ့ CES 2020 Event မွာ Partner အခ်ိဳ႕အျပင္ Network Carrier ေတြပါဝင္တဲ့ လွ်ိဳ႕ဝွက္ေတြ႕ဆုံပြဲေတြကို ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါေတြ႕ဆုံပြဲေတြမွာ လက္ရွိမမိတ္ဆက္ရေသးတဲ့ စမတ္ဖုန္းနဲ႔ တျခားေသာ Product ေတြကိုပါ Showcase ျပသခဲ့တာျဖစ္ပါတယ္။

ဒီလိုမ်ိဳး ျပဳလုပ္တာက Samsung အတြက္ေတာ့ ပုံမွန္လို႔ေျပာလို႔ရေပမယ့္ ဒီတစ္ႀကိမ္မွာ Samsung CEO DJ Koh ကေန Galaxy Fold 2 လို႔ ယူဆရတဲ့ Foldable Phone အသစ္ရဲ႕ နာမည္ကို တရားဝင္ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဒါကေတာ့ Galaxy Bloom ဆိုတဲ့ နာမည္အသစ္နဲ႔ ေခၚဆိုလာမွာပဲျဖစ္ပါတယ္။

ဒီသတင္းက အခုလိုမ်ိဳး လွ်ိဳ႕ဝွက္ေတြ႕ဆုံပြဲတစ္ခုမွာ DJ Koh ျပသခဲ့တဲ့ Slide ကို ဓါတ္ပုံ႐ိုက္ယူထားခဲ့တဲ့ ပုံအရသိရွိခဲ့ရတာျဖစ္ၿပီး က်ိန္းေသသေလာက္ကို ျဖစ္ေနပါၿပီ။ Samsung ကေန အခု Galaxy Bloom Foldable Phone အသစ္ကို အသက္ ၂၀ ဝန္းက်င္ မိန္းကေလးေတြကို အဓိကအာ႐ုံစိုက္ၿပီး ေရာင္းခ်သြားမယ္လို႔လည္း သိရပါတယ္။

ဒီ Galaxy Fold 2 တျဖစ္လဲ Galaxy Boom 2 ဟာ Ultra-thin Glass Display ကိုအသုံးျပဳလာမယ့္အျပင္ Samsung ဖုန္းေတြထဲမွာ 8K Video Recording ကို ႐ိုက္ကူးႏိုင္မယ့္ ပထမဆုံးဖုန္းလည္းျဖစ္လာမွာပါ။ 5G Version အျပင္ ပုံမွန္ 4G Version ကိုလည္း ထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။

အခုသတင္းအျပင္ DJ Koh ကေန လာမယ့္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ ျပဳလုပ္သြားမယ့္ Galaxy Unpacked Event မွာ Galaxy S11 မဟုတ္ဘဲ Galaxy S20 Series နာမည္နဲ႔ပဲ မိတ္ဆက္သြားမယ္ဆိုတာကိုလည္း အတည္ျပဳသြားခဲ့ပါတယ္။

Ref – GSM Arena