[Unicode]

လာမယ့်ဖေဖော်ဝါရီလရဲ့ Unpacked Event မှာ Galaxy S20 နဲ့အတူ ပွဲထုတ်လာမယ်ဆိုတဲ့ Galaxy Fold 2 အကြောင်းကတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာပြီ ဖြစ်ပါတယ်။ အထူးသဖြင့် Galaxy Fold 2 ရဲ့ Clamshell ဒီဇိုင်း၊ Ultra-Thin Glass display စတာတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေလို့ ဆိုနိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ ပကတိပြင်ပရုပ်ပုံကြောင့် Galaxy Fold 2 ရဲ့ ပုံသဏ္ဍာန်အစစ်အမှန်ကို အတည်ပြုနိုင်ခဲ့တဲ့နောက် စိတ်ဝင်စားမှုက အတွင်းအစိတ်အပိုင်းတွေဆီ မြားဦးလှည့်ခဲ့ကြပြီ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာနဲ့တည်ဆောက်ထားတဲ့ စမတ်ဖုန်းဖြစ်တာကြောင့် အဆင့်မြင့်၊ စွမ်းဆောင်ရည်မြင့် အစိတ်အပိုင်းတွေ တပ်ဆင်ပေးထားမယ်လို့ မျှော်လင့်ထားကြတာပါ။

ကောလာဟလ အမျိုးမျိုးထွက်ခဲ့ပေမယ့် ဖြစ်နိုင်ခြေအရှိဆုံးကတော့ Snapdragon 865 အစား Snapdragon 855 chipset ကိုပဲ သုံးလာဖွယ်ရှိတာပါ။ ဘာကြောင့် 855 ပဲ သုံးရသလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ Galaxy Fold 2 ထုတ်လုပ်နေတဲ့အချိန်မှာ Snapdragon 865 မရရှိသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က Snapdragon 865 ဟာ ပိုပြီးရှုပ်ထွေးတဲ့တည်ဆောက်ပုံကို လိုအပ်သလို Internal modem လည်း လိုအပ်ချက်ရှိပါတယ်။ ဒါကြောင့် အမှားအယွင်းသိပ်မခံနိုင်တဲ့ Galaxy Fold 2 လိုပရောဂျက်မျိုးမှာ ပိုပြီးစိတ်ချရတဲ့ 855 ကို ရွေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ Snapdragon 855 နဲ့ဆိုလည်း Still high level လို့ ပြောနိုင်ပါသေးတယ်။

Galaxy Fold 2 နဲ့ပတ်သက်ပြီး ထပ်ထွက်လာတဲ့ သတင်းက 10MP selfie ကင်မရာ တပ်ဆင်ပေးထားတယ်ဆိုတဲ့အကြောင်းပါ။ Galaxy Note 10 နဲ့ Note 10+ တို့က မော်ဂျူးတွေနဲ့ အတူတူပဲ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Super Fast Charging လိုစနစ်တွေလည်း ပါဝင်သေးတယ်လို့ သတင်းထွက်ထားပါတယ်။ ဒါဟာ ဘက်ထရီ နှစ်လုံးတပ်ဆင်ထားတယ်ဆိုတဲ့ Galaxy Fold 2 အကြောင်း တရားဝင်သိရဖို့ ပိုပြီးစိတ်လောစေတယ်လို့ ထင်ပါတယ်။

Ref: GSM Arena

[Zawgyi]

Samsung Galaxy Fold 2 မွာ Snapdragon 855 သုံးထားၿပီး 10MP Selfie ကင္မရာ တပ္ဆင္ထားေၾကာင္း သတင္းထြက္

လာမယ့္ေဖေဖာ္ဝါရီလရဲ႕ Unpacked Event မွာ Galaxy S20 နဲ႔အတူ ပြဲထုတ္လာမယ္ဆိုတဲ့ Galaxy Fold 2 အေၾကာင္းကေတာ့ ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းလာၿပီ ျဖစ္ပါတယ္။ အထူးသျဖင့္ Galaxy Fold 2 ရဲ႕ Clamshell ဒီဇိုင္း၊ Ultra-Thin Glass display စတာေတြက ပိုၿပီးစိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ေတြလို႔ ဆိုႏိုင္ပါတယ္။

ေပါက္ၾကားထြက္ေပၚလာတဲ့ ပကတိျပင္ပ႐ုပ္ပုံေၾကာင့္ Galaxy Fold 2 ရဲ႕ ပုံသ႑ာန္အစစ္အမွန္ကို အတည္ျပဳႏိုင္ခဲ့တဲ့ေနာက္ စိတ္ဝင္စားမႈက အတြင္းအစိတ္အပိုင္းေတြဆီ ျမားဦးလွည့္ခဲ့ၾကၿပီ ျဖစ္ပါတယ္။ ေနာက္ဆုံးေပၚ နည္းပညာနဲ႔တည္ေဆာက္ထားတဲ့ စမတ္ဖုန္းျဖစ္တာေၾကာင့္ အဆင့္ျမင့္၊ စြမ္းေဆာင္ရည္ျမင့္ အစိတ္အပိုင္းေတြ တပ္ဆင္ေပးထားမယ္လို႔ ေမွ်ာ္လင့္ထားၾကတာပါ။

ေကာလာဟလ အမ်ိဳးမ်ိဳးထြက္ခဲ့ေပမယ့္ ျဖစ္ႏိုင္ေျခအရွိဆုံးကေတာ့ Snapdragon 865 အစား Snapdragon 855 chipset ကိုပဲ သုံးလာဖြယ္ရွိတာပါ။ ဘာေၾကာင့္ 855 ပဲ သုံးရသလဲဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ Galaxy Fold 2 ထုတ္လုပ္ေနတဲ့အခ်ိန္မွာ Snapdragon 865 မရရွိေသးတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

ေနာက္တစ္ခ်က္က Snapdragon 865 ဟာ ပိုၿပီးရႈပ္ေထြးတဲ့တည္ေဆာက္ပုံကို လိုအပ္သလို Internal modem လည္း လိုအပ္ခ်က္ရွိပါတယ္။ ဒါေၾကာင့္ အမွားအယြင္းသိပ္မခံႏိုင္တဲ့ Galaxy Fold 2 လိုပေရာဂ်က္မ်ိဳးမွာ ပိုၿပီးစိတ္ခ်ရတဲ့ 855 ကို ေ႐ြးလိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ Snapdragon 855 နဲ႔ဆိုလည္း Still high level လို႔ ေျပာႏိုင္ပါေသးတယ္။

Galaxy Fold 2 နဲ႔ပတ္သက္ၿပီး ထပ္ထြက္လာတဲ့ သတင္းက 10MP selfie ကင္မရာ တပ္ဆင္ေပးထားတယ္ဆိုတဲ့အေၾကာင္းပါ။ Galaxy Note 10 နဲ႔ Note 10+ တို႔က ေမာ္ဂ်ဴးေတြနဲ႔ အတူတူပဲ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ Super Fast Charging လိုစနစ္ေတြလည္း ပါဝင္ေသးတယ္လို႔ သတင္းထြက္ထားပါတယ္။ ဒါဟာ ဘက္ထရီ ႏွစ္လုံးတပ္ဆင္ထားတယ္ဆိုတဲ့ Galaxy Fold 2 အေၾကာင္း တရားဝင္သိရဖို႔ ပိုၿပီးစိတ္ေလာေစတယ္လို႔ ထင္ပါတယ္။

Ref: GSM Arena