Samsung ဟာ အခုအချိန်မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S10 Series တွေက စတင်ပြီးတော့ Flagship ဖုန်းအကုန်လုံးနီးပါးကို Android 11 Update ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ နောက်ဆုံးကျန်ရှိနေတဲ့ Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy Fold အတွက် Android 11 Update ကိုလည်း ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Galaxy Fold အတွက် Android 11 Update ဟာ 4G Version အပြင် 5G Version အတွက်ပါထွက်ရှိလာတာဖြစ်ပါတယ်။ တခြားသော Flagship ဖုန်းတွေလိုမျိုးပဲ အခု Update ရရှိတဲ့အချိန်ဟာ Samsung ကနေ တရားဝင်ကြေညာထားတဲ့အချိန်ထက် ၁ လခန့်စောပြီးရရှိတာဖြစ်ပါတယ်။

Galaxy Fold 4G Version အတွက် Build Number ကတော့ F900FXXU4DUA1 ဖြစ်တယ်လို့ သိရပြီး လောလောဆယ်မှာ France ၊ India နဲ့ UAE နိုင်ငံတွေမှာ ရရှိနေပြီဖြစ်ပါတယ်။ 5G Version အနေနဲ့ကတော့ Region အကုန်လုံးမှာ Download ရယူနိုင်ပြီလို့ သိရပြီးတော့ Build Number အနေနဲ့ F907BXXU4DUA1 ဆိုပြီး ထွက်ရှိထားတာဖြစ်ပါတယ်။

Samsung Galaxy Fold ဟာ Samsung အတွက် ပထမဆုံး Foldable ဖုန်းဖြစ်တဲ့အပြင် စတင်မိတ်ဆက်တဲ့အချိန်မှာလည်း Display ပိုင်း ပြဿနာအချို့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါ ပြဿနာတွေကို ပြန်လည်ပြင်ဆင်ပြီး ရောင်းချခဲ့တာဖြစ်ပြီး အောင်မြင်မှုရရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။

အခု Android 11 Update နဲ့အတူ Latest January Android Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ OneUI 3 ကိုပါ Update ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက် UI Design ပြောင်းလဲမှုတွေ၊ Media Playback ပိုင်း ပြောင်းလဲမှုတွေအပြင် တခြားသော အဆင့်မြှင့်တင်မှုတွေလည်း အများအပြားပါဝင်နေဦးမှာပါ။

Ref – GSM Arena