Samsung ဟာ အခုအချိန်မှာ Android 12 ကိုအခြေခံထားတဲ့ OneUI 4 Update ကို Flagship Series ဖုန်းတွေအတွက် ထုတ်ပေးနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းကလည်း Galaxy S20 Series ဖုန်းတွေအတွက် OneUI 4 Stable Update ထုတ်ပေးခဲ့ပါသေးတယ်။

အခုလည်း Samsung ကနေ ကျန်ရှိနေတဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy Note 10 Series နဲ့ Original Galaxy Fold စမတ်ဖုန်းအတွက်ပါ Android 12 ကို အခြေခံထားတဲ့ OneUI 4 Stable Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ OneUI 4 Update ဟာ 4G Version တွေတင်မဟုတ်ဘဲ 5G Version ဖုန်းတွေအတွက်ပါ ရရှိလာတာဖြစ်ပါတယ်။

Galaxy Fold အတွက် OneUI 4 Stable Update ရဲ့ Firmware Number ကတော့ F900FXXU6GUL9 လို့သိရပြီး December 2021 Security Patch ပါ ပါဝင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ France မှာ အရင်ဆုံးရရှိနေတာဖြစ်ပြီး မကြာခင်မှာ တခြားသော Region တွေအတွက်ပါ ရရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

Galaxy Note 10 Series တွေအတွက်ကတော့ 4G Version က Firmware Number N97xFXXU7GULD နဲ့ 5G Version အတွက်ကတော့ N976BXXU7GULD ဆိုပြီး ထွက်ရှိထားတာဖြစ်ပါတယ်။ လောလောဆယ်မှာ Switzerland မှာ အရင်ဆုံးရရှိတာဖြစ်ပြီး January 2022 Security Patch ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ OneUI 4 နဲ့ Android 12 Update ဟာ Galaxy Note 10 Series ဖုန်းတွေအတွက် နောက်ဆုံးရရှိတဲ့ Software Update ဖြစ်လာမှာဖြစ်ပြီး တခြားသော Update တွေကိုတော့ ထပ်မံရရှိနိုင်မှာမဟုတ်တော့ပါဘူး။

Ref – GSM Arena