Samsung က Galaxy Fold အတွက် Software Update အသစ်ကို ဒီလ ၃ ရက်နေ့က Over The Air ကနေ ဖြန့်ချိပေးလိုက်ပြီး ၂၀၂၀ ခုနှစ် ဇွန်လအတွက် Update ဖြစ်ပါတယ်။ Google ရဲ့ နောက်ဆုံးထုတ် Security Patches တွေ ထည့်သွင်းထားပြီး Version Number က F900FXXS3BTE1 ဖြစ်ပါတယ်။ နိုင်ငံတကာက SM-F900F Unlocked မော်ဒယ်အားလုံးအတွက် စတင် ဖြန့်ချိပေးလိုက်တာပါ။

Changelog မှာ AR Emoji အတွက် Update တချို့ပါလာပြီး ကိုယ်တိုင် Edit လုပ်နိုင်တဲ့ Tool ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ Facial Expressions တွေကို မှတ်မိတဲ့ စွမ်းရည် ပိုကောင်းလာပြီး ကင်မရာ လုပ်ဆောင်ချက်နဲ့ Filter အသစ်တွေ ပါလာပါတယ်။ AR Zone , Single Take , Pro Video , My Filters , Selfie Tone နဲ့ Night Timelapse တွေ ထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာကနေ 4K@60fps ဗီဒီယို ရိုက်ကူးနိုင်ပြီ ဖြစ်ပါတယ်။

Update ကို Galaxy Fold 5G Version အတွက် ရရှိဖို့ ကြာဦးမယ်လို့ ထင်ပါတယ်။ သင့် စမတ်ဖုန်းမှာ Update ရရင် Notification တက်လာမှာ ဖြစ်သလို Settings > Software update ထဲမှာ စစ်ဆေးနိုင်ပါတယ်။ Galaxy Fold ဟာ Samsung ရဲ့ ဒီဇိုင်း ဆန်းသစ်တဲ့ Foldable စမတ်ဖုန်း ဖြစ်ပြီး ကုမ္ပဏီဟာ ဈေးချိုတဲ့ Galaxy Fold Lite နဲ့ နောက်မျိုးဆက် Galaxy Fold 2 ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena