Samsung ဟာ Galaxy “0x” Device တွေကို ဘာရည်ရွယ်ချက်နဲ့ ထုတ်လုပ်ရောင်းချမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Galaxy A နဲ့ Galaxy M Series တွေထက် ပိုတိုးချဲ့ချင်လို့ ဖြစ်နိုင်ပြီး တခါတလေမှာ “s” or “Core” အပိုစာလုံးတွေပါတာတွေဟာ အခြေခံ ဟာ့ဒ်ဝဲ တူညီ သို့မဟုတ် လုံးဝ တူညီတဲ့ ဖုန်းတွေကို မတူညီတဲ့ နိုင်ငံတွေမှာ နာမည်ပြောင်းရောင်းချတာပါ။

SM-A025F/DS, SM-A025F, SM-M025F/DS, SM-A025M/DS နဲ့ SM-A025M မော်ဒယ်နံပါတ်တွေကို မကြာခင်က Nemko AS Website မှာ မှတ်ပုံတင်ထားတာတွေ့ရပါတယ်။ အဲဒါတွေဟာ Galaxy A02 နဲ့ Galaxy M02 ဖြစ်နိုင်ပါတယ်။ နော်ဝေး ကုမ္ပဏီမှာ တူတူ မှတ်ပုံတင်ထားတဲ့အတွက် M02 နဲ့ A02 တို့ဟာ တူညီတဲ့ ဖုန်းတွေ  ဖြစ်နိုင်ပြီး မတူညီတဲ့ နိုင်ငံတွေမှာ နာမည်ပြောင်းရောင်းချမှာ ဖြစ်နိုင်ပါတယ်။

Galaxy A02 ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေပြီး Geekbench မှာ 2GB RAM , 32GB Storage နဲ့ Qualcomm Chipset ပါမယ်လို့ ဖော်ပြထားပါတယ်။ Chipset မော်ဒယ်ကို မသိရသေးပါဘူး။ တခြားကနေ ပေါက်ကြားထားတဲ့ သတင်းအရ Galaxy A02 မှာ ၅.၇ လက်မ HD+ LCD မျက်နှာပြင်၊ Snapdragon 450 Chipset ၊ 3,500mAh ဘက်ထရီ ၊ microSD Support ၊ 13+2MP အနောက်ကင်မရာနဲ့ 8MP အရှေ့ ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။

အဲဒီ Specs တွေအရ ဆိုရင် တန်ဖိုးနည်း ဖုန်းဆိုတာ သေချာပြီး ၁ သိန်းခွဲလောက်ပဲ တန်ကြေးရှိနိုင်ပါတယ်။

Ref  : gsmarena