Samsung ရဲ့ စမတ်ဖုန်း ၁ လုံးကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-M025F ဖြစ်ပါတယ်။ အဲဒီ ဖုန်းဟာ Galaxy M02 ဖြစ်နိုင်ပြီး Android 10 , 3GB RAM နဲ့ Qualcomm Chipset တွေ ထည့်သွင်းထားပါတယ်။

Samsung Galaxy M02 visits Geekbench

ပြီးခဲ့တဲ့ ၁ ပတ်က SM-M025F နဲ့ SM-A025F ကို Bluetooth SIG Website မှာ တွေ့ခဲ့ရပြီး ဒုတိယ ၁ လုံးက Galaxy A02 ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ Document ၁ ခုထဲမှာ ဖုန်း ၂ လုံးကို တွေ့ရတဲ့အတွက် အဲဒီ ဖုန်း ၂ လုံးဟာ တူတူပဲလို့ ထင်ရပါတယ်။ မတူညီတဲ့ နိုင်ငံတွေမှာ နာမည်ခွဲ ရောင်းချနိုင်ပါတယ်။

Samsung Galaxy M02 With Snapdragon 450 SoC Spotted On Geekbench - Gizbot News

SM-A025F ကို ပြီးခဲ့တဲ့ လက Geekbench မှာ တွေ့လာရပြီး Android 10 , 2GB RAM နဲ့ Qualcomm Chipset တွေ ထည့်ထားပါတယ်။ Chipset က Snapdragon 450 ဖြစ်နိုင်ပါတယ်။ ပေါက်ကြားသတင်းတွေအရ Galaxy A02 မှာ ၅.၇ လက်မ HD+ မျက်နှာပြင်၊ 3,500mAh ဘက်ထရီ၊ 8MP ဆဲလ်ဖီး ကင်မရာနဲ့ 13MP+2MP အနောက်ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

Samsung ကတော့ Galaxy A02 နဲ့ M02 အကြောင်း ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် အဲဒီဖုန်းတွေကို အာဏာပိုင် အဖွဲ့အစည်းတွေမှာ မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် တရားဝင် ကြေညာဖို့ သိပ်မလိုတော့ပါဘူး။

Ref : gsmarena