[Zawgyi]
Samsung ရဲ႕ေနာက္ေျခလွမ္းအသစ္ျဖစ္တဲ့ M စီးရီးကေတာ့ အိႏၵိယေစ်းကြက္ကေန စတင္ အသက္ဝင္လာခဲ့ပါၿပီ။ ယေန႔မွာ Midrange တန္းဝင္အသစ္ေတြျဖစ္တဲ့ Galaxy M10 နဲ႔ M20 တုိ႔ကို တရားဝင္ မိတ္ဆက္လာခဲ့တာပါ။
ဖုန္းႏွစ္ခုလုံးမွာ Infinity-V Display ေတြပါဝင္လာခဲ့ၿပီး Ultra-Wide ျမင္ကြင္းက်ယ္ရုိက္ကူးႏုိင္တဲ့ အဓိက ကင္မရာ၊ Face Unlock စနစ္နဲ႔အတူ ရဲတင္းတဲ့ေစ်းႏႈန္းေတြ ပါဝင္လာပါတယ္။
Samsung Galaxy M20 ဟာ ဟန္းဆက္အသစ္ႏွစ္ခုထဲမွာ ပိုစိတ္ဝင္စားဖို႔ ေကာင္းတဲ့ ဗားရွင္းပါ။ သူ႕မွာ 6.3” လက္မအရြယ္ 2340 x 1080p IPS LCD မ်က္ႏွာျပင္နဲ႔အတူ Waterdrop Notch ထဲမွာ 8MP f/2.0 ဆယ္ဖီ ကင္မရာတစ္လုံးပါဝင္လာတယ္။ ဒီကင္မရာကပဲ Face Unlock Scanner အျဖစ္ အလုပ္လုပ္သြားမွာပါ။ ေနာက္ဘက္မွာ Fingerprint တစ္ခုပါဝင္ၿပီး အဓိက ကင္မရာက 13MP f/1.9 နဲ႔ 5MP f/2.2 Ultra-Wide တုိ႔ျဖစ္ပါတယ္။
Galaxy M20 ရဲ႕အတြင္းပိုင္းမွာ Exynos 7904 ခ်စ္ပ္ဆက္နဲ႔အတူ 3GB / 4GB RAM မန္မုိရီ ထည့္သြင္းထားတယ္။ ေနာက္ထပ္အားရစရာအခ်က္တစ္ခုက Galaxy M20 မွာ ႀကီးမားတဲ့ 5,000 mAh ဘကၳရီ နဲ႔အတူ 15W အားသြင္းႀကိဳးစနစ္ပါဝင္လာတာပါ။ Storage ပမာဏက 64GB ရွိၿပီး Android 8.1 Oreo ကုိ တစ္ပါတည္း ထည့္သြင္းလာတယ္။
Samsung Galaxy M10 ကေတာ့ အနည္းငယ္ပိုေသးတဲ့ 6.2” လက္မ LCD Screen ကိုမွ ပိုနိမ့္တဲ့ 1520 x 720p Resolution ပါ။ သူ႕မွာလည္း Infinity-V Notch ပဲျဖစ္ၿပီး ဆယ္ဖီကင္မရာက 5MP f/2.0 ပါပဲ။ ဒီဖုန္းမွာေတာ့ Fingerprint စနစ္မပါပါဘူး။
ေနာက္ကင္မရာက M20 နဲ႔အတူတူျဖစ္တဲ့ 13MP + 5MP Ultra-Wide ဆက္တင္ပဲ ထည့္သြင္းလာတယ္။ ခ်စ္ပ္ဆက္နဲ႔ မန္မုိရီပုိင္းမွာေတာ့ တစ္ဆင့္ေလွ်ာ့ထားတဲ့ Exynos 7870 နဲ႔ 2GB / 3GB RAM တုိ႔ျဖစ္ပါတယ္။ သူ႕ရဲ႕ ဘကၳရီက 3,430 mAh ျဖစ္ၿပီး Storage ကလည္း 32GB သာပါဝင္ပါတယ္။
Galaxy M စမတ္ဖုန္းသစ္ႏွစ္လုံးစလုံးကို Amazon India နဲ႔ Samsung ရဲ႕စတုိးမွာ Ocean Blue သို႔ Charcoal Black အေရာင္ေတြနဲ႔ ဝယ္ယူႏုိင္ပါၿပီ။ Galaxy M20 အတြက္ 3GB အေျခခံေမာ္ဒယ္က ျမန္မာေငြ ႏွစ္သိန္းသုံးေသာင္းခြဲခန္႔ က်သင့္ၿပီး 4GB ေမာ္ဒယ္က ႏွစ္သိန္းရွစ္ေသာင္းနီးပါး က်မွာပါ။ Galaxy M10 ကေတာ့ 2GB မန္မုိရီဗားရွင္းဟာ ျမန္မာေငြ တစ္သိန္းခုနစ္ေသာင္းခန္႔ျဖစ္ကာ 3GB ေမာ္ဒယ္ကိုေတာ့ ျမန္မာက်ပ္ေငြ တစ္သိန္းကိုးေသာင္းဝန္းက်င္ က်သင့္ပါတယ္။ ေဖေဖာ္ဝါရီ ၅ ရက္ေန႔မွာ ေစ်းကြက္ထဲကို စေရာက္လာမယ့္ ဖုန္းေတြဟာ ႏုိင္ငံတကာေစ်းကြက္ကိုလည္း မၾကာခင္ဝင္ေရာက္လာမွာပါ။
Ref – GSM Arena
[Unicode]
Samsung ရဲ့နောက်ခြေလှမ်းအသစ်ဖြစ်တဲ့ M စီးရီးကတော့ အိန္ဒိယဈေးကွက်ကနေ စတင် အသက်ဝင်လာခဲ့ပါပြီ။ ယနေ့မှာ Midrange တန်းဝင်အသစ်တွေဖြစ်တဲ့ Galaxy M10 နဲ့ M20 တို့ကို တရားဝင် မိတ်ဆက်လာခဲ့တာပါ။
ဖုန်းနှစ်ခုလုံးမှာ Infinity-V Display တွေပါဝင်လာခဲ့ပြီး Ultra-Wide မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ အဓိက ကင်မရာ၊ Face Unlock စနစ်နဲ့အတူ ရဲတင်းတဲ့ဈေးနှုန်းတွေ ပါဝင်လာပါတယ်။
Samsung Galaxy M20 ဟာ ဟန်းဆက်အသစ်နှစ်ခုထဲမှာ ပိုစိတ်ဝင်စားဖို့ ကောင်းတဲ့ ဗားရှင်းပါ။ သူ့မှာ 6.3” လက်မအရွယ် 2340 x 1080p IPS LCD မျက်နှာပြင်နဲ့အတူ Waterdrop Notch ထဲမှာ 8MP f/2.0 ဆယ်ဖီ ကင်မရာတစ်လုံးပါဝင်လာတယ်။ ဒီကင်မရာကပဲ Face Unlock Scanner အဖြစ် အလုပ်လုပ်သွားမှာပါ။ နောက်ဘက်မှာ Fingerprint တစ်ခုပါဝင်ပြီး အဓိက ကင်မရာက 13MP f/1.9 နဲ့ 5MP f/2.2 Ultra-Wide တို့ဖြစ်ပါတယ်။
Galaxy M20 ရဲ့အတွင်းပိုင်းမှာ Exynos 7904 ချစ်ပ်ဆက်နဲ့အတူ 3GB / 4GB RAM မန်မိုရီ ထည့်သွင်းထားတယ်။ နောက်ထပ်အားရစရာအချက်တစ်ခုက Galaxy M20 မှာ ကြီးမားတဲ့ 5,000 mAh ဘက္ထရီ နဲ့အတူ 15W အားသွင်းကြိုးစနစ်ပါဝင်လာတာပါ။ Storage ပမာဏက 64GB ရှိပြီး Android 8.1 Oreo ကို တစ်ပါတည်း ထည့်သွင်းလာတယ်။
Samsung Galaxy M10 ကတော့ အနည်းငယ်ပိုသေးတဲ့ 6.2” လက်မ LCD Screen ကိုမှ ပိုနိမ့်တဲ့ 1520 x 720p Resolution ပါ။ သူ့မှာလည်း Infinity-V Notch ပဲဖြစ်ပြီး ဆယ်ဖီကင်မရာက 5MP f/2.0 ပါပဲ။ ဒီဖုန်းမှာတော့ Fingerprint စနစ်မပါပါဘူး။
နောက်ကင်မရာက M20 နဲ့အတူတူဖြစ်တဲ့ 13MP + 5MP Ultra-Wide ဆက်တင်ပဲ ထည့်သွင်းလာတယ်။ ချစ်ပ်ဆက်နဲ့ မန်မိုရီပိုင်းမှာတော့ တစ်ဆင့်လျှော့ထားတဲ့ Exynos 7870 နဲ့ 2GB / 3GB RAM တို့ဖြစ်ပါတယ်။ သူ့ရဲ့ ဘက္ထရီက 3,430 mAh ဖြစ်ပြီး Storage ကလည်း 32GB သာပါဝင်ပါတယ်။
Galaxy M စမတ်ဖုန်းသစ်နှစ်လုံးစလုံးကို Amazon India နဲ့ Samsung ရဲ့စတိုးမှာ Ocean Blue သို့ Charcoal Black အရောင်တွေနဲ့ ဝယ်ယူနိုင်ပါပြီ။ Galaxy M20 အတွက် 3GB အခြေခံမော်ဒယ်က မြန်မာငွေ နှစ်သိန်းသုံးသောင်းခွဲခန့် ကျသင့်ပြီး 4GB မော်ဒယ်က နှစ်သိန်းရှစ်သောင်းနီးပါး ကျမှာပါ။ Galaxy M10 ကတော့ 2GB မန်မိုရီဗားရှင်းဟာ မြန်မာငွေ တစ်သိန်းခုနစ်သောင်းခန့်ဖြစ်ကာ 3GB မော်ဒယ်ကိုတော့ မြန်မာကျပ်ငွေ တစ်သိန်းကိုးသောင်းဝန်းကျင် ကျသင့်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဈေးကွက်ထဲကို စရောက်လာမယ့် ဖုန်းတွေဟာ နိုင်ငံတကာဈေးကွက်ကိုလည်း မကြာခင်ဝင်ရောက်လာမှာပါ။
Ref – GSM Arena