Samsung ရဲ့ One UI 4.1 Update ကို Galaxy M11 အတွက် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး အဲဒီ Update ရတဲ့ Device တော်တော်များလာပါပြီ။ အခုဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်အကြာက ထွက်ခဲ့တဲ့ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းတွေအတွက် စတင် ဖြန့်ချိပေးနေပါတယ်။

Samsung Galaxy M11 receives Android 12 update with One UI 4.1

စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ၁ လုံး ဖြစ်တဲ့ Galaxy M11 ဟာလည်း Android 12 အခြေပြု Samsung ရဲ့ နောက်ဆုံးထုတ် Skin ကို ရရှိသွားပါပြီ။

Samsung Galaxy M11 Price in Pakistan 2022 | PriceOye

အဲဒီ Update ကို ဗီယက်နမ်မှာ ဖြန့်ချိပေးလိုက်တာ ဖြစ်ပေမယ့် တခြား နိုင်ငံတွေအတွက် မကြာခင် ရရှိတော့မှာ သေချာပါတယ်။ နိုင်ငံတကာကို ရောက်ရှိဖို့အတွက် ရက်သတ္တပတ် အနည်းငယ်ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။

ဗီယက်နမ်က အလုံးတွေဟာ M115FXXU3CVF6 Build ကို ရရှိနေတာ ဖြစ်ပြီး ဇွန်လ ၂၀၂၂ ခုနှစ်ရဲ့ Security Patch ပါလာပါတယ်။

Samsung Galaxy M11 ဟာ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်တဲ့အတွက် One UI 4.1 ရဲ့ လုပ်ဆောင်ချက် အပြည့်အစုံကို ရရှိမှာ မဟုတ်ပါဘူး။ Samsung က Galaxy M11 ရဲ့ Update အတွက် Changelog ကို မထုတ်ပြန်သေးတဲ့အတွက် သေသေချာချာ မပြောနိုင်သေးပါဘူး။

Ref : gsmarena