Samsung Galaxy M12 မှာ အရွယ်ကြီး 7,000mAh ဘက်ထရီ ပါမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် FCC မှာ အဲဒီ စမတ်ဖုန်းကို မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး 6,000mAh ဘက်ထရီလို့ ဖော်ပြထားပါတယ်။ မော်ဒယ်နံပါတ်က SM-M127F/DS ဖြစ်ပါတယ်။

Samsung Galaxy M12 gets FCC certified with 6,000 mAh battery

FCC Website က စာရင်းမှာ ဘက်ထရီ ပမာဏကို ရှင်းရှင်း မဖော်ပြထားဘဲ M12 ရဲ့  ဘက်ထရီဟာ မော်ဒယ်ကုဒ် EB-BM207ABY ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ကုဒ်ဟာ 6,000mAh ဘက်ထရီ ဖြစ်ပါတယ်။

Leaked render of Samsung Galaxy M12

FCC မှာ Galaxy M12 ရဲ့ Specs ပြည့်ပြည့်စုံစုံကို မဖော်ပြထားပါဘူး။ ဒါပေမယ့် Geekbench က စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ Exynos 850 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Android 11 OS ပါမယ်လို့ သိရပါတယ်။ Geekbench က စမ်းသပ်ချက်မှာ 3GB RAM ပါလာမယ်လို့ ဖော်ပြထားပေမယ့် နောက်ထပ် RAM Version တွေလည်း ထွက်လာနိုင်ပါတယ်။

Galaxy M12 ရဲ့ ပေါက်ကြားထွက်ပေါ်နေတဲ့ ဓါတ်ပုံတွေအရ အရွယ်သေး Notch နဲ့ အနောက်ကင်မရာ ၄ လုံး ပါလာမယ်လို့ သိရပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ အောက်ခြေမှာ USB-C Port ၊ နားကြပ်ပေါက် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena