Samsung က ပြီးခဲ့တဲ့နှစ်မတ်လမှာ Galaxy M14 5G ကို ကြေညာခဲ့ပြီး အခုတော့ ၁ နှစ်အကြာမှာ Galaxy M14  4G ကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။

Samsung Galaxy M14 4G gets listed by Amazon India, all specs revealed

M14 4G ရဲ့ 4GB RAM /64GB Storage Version ကို ဒေါ်လာ ၁၀၀ နဲ့ 6GB RAM/128GB Storage Version ကို ၁၄၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Amazon India ကနေ ရောင်းချပေးထားပြီး Arctic Blue နဲ့ Sapphire Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Android 13 မောင်းနှင်ထားပြီး Android Update ၂ ခုပဲ ရမှာက သိပ်မမိုက်ပါဘူး။ အဲဒီအတွက် Android 15 အထိပဲ ရမှာပါ။ Security Patch ကိုတော့ ၄ နှစ်ရမှာ ဖြစ်ပါတယ်။

Samsung Galaxy M14 4G featuresSamsung Galaxy M14 4G features

Galaxy M14 4G မှာ 6.7” FHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon 680 SoC မောင်းနှင်ထားပြီး အနောက်ဘက်မှာ 50MP Main , 2MP , 2MP ကင်မရာ ၃ လုံးပါပါတယ်။

13MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပြီး ပါဝါခလုတ်အောက်မှာ ဘေးဘက်လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။ 25W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Ref : gsmarena