[Unicode]
Samsung Galaxy M21 ရဲ့ သတင်းအချက်အလက်တွေ Geekbench ကနေ ထွက်ပေါ်လာပါတယ်။ ၂၀၁၉ ထုတ် Galaxy M20 ထက် ပိုကောင်းတဲ့ SoC မောင်းနှင်ထားတာတွေ့ရပြီး M21 ကို မကြာခင် အိန္ဒိယမှာ မျက်ဝါးထင်ထင် မြင်ရနိုင်ပါတယ်။ M21 ဟာ Geekbench ရဲ့ Single Core Test မှာ စုစုပေါင်း ၃၄၈ မှတ်ရထားပြီး Multi-core Test မှာ ၁၂၆၅ မှတ်ရထားပါတယ်။
M21 မှာ 1.74Ghz Exynos 9611 SoC နဲ့ 4GB RAM ပါလာမှာပါ။ အဲဒီ SoC ကို အရင်နှစ်ထုတ် Galaxy M30s မှာလည်းထည့်သွင်းထားပြီး နောက်ထွက်မယ့် M31 မှာလည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အရင်မျိုးဆက် M20 မှာ Exynos 7904 မောင်းနှင်ထားပါတယ်။ M20 ကို အရင်နှစ် ဒီအချိန်လောက်မှာ ကြေညာခဲ့တဲ့အတွက် M21 ကိုလည်း မိတ်ဆက်ဖို့ မဝေးတော့ဘူး ထင်ပါတယ်။
ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ M21 မှာ အနောက်ကင်မရာ ၂ လုံးပါလာမှာြဖစ်ပြီး 24MP နဲ့ 5MP Depth တွေဖြစ်မှာပါ။ M20 ရဲ့ 13MP နဲ့ 5MP ထက် ပိုလန်းလာပါတယ်။ M21 မှာ 64GB or 128GB Storage တွေ ပါလာနိုင်ပြီး M20 ရဲ့ 32GB / 64GB ထက် ပိုများလာပါတယ်။ M21 မှာ Android 10 မောင်းနှင်ထားပြီး အပြာ၊ အစိမ်းနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားမှာပါ။
Ref : gizmochina
[Zawgyi]
Exynos 9611 ပါလာမယ့် Samsung Galaxy M21
Ref : gizmochina